တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီ ၃၀ မိနစ်မှာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ ရေခဲစက်ရုံဟောင်းကို ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁နာရီ ၄၁မိနစ်အချိန်မှာလည်း ကျောက်နီမော်ရွာ၊ ဘုရားတောင် တာဝါတိုင်ကုန်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ရန်သူ့တပ်သား၂ ယောက် သေဆုံးပြီး ၄ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နောက်တစ်ရက် ဇန်နဝါရီလ ၂၆ ရက် နေ့လည် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာလည်း ဘုရားတောင် တာဝါတိုင်ကုန်းကို ဒရုန်းဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၂နာရီ ၁၀ မိနစ်အချိန်မှာ ကျောက်နီမော်ရွာ ရေခဲစက်ရုံဟောင်း လက်နက်ကြီးပစ်ကွင်းကို ဒရုန်းဗုံးသီး တစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့  ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ပုသိမ်လမ်းပိုင်းမှာ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၃ စီး ထိခိုက်ပျက်စီး ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဧပြီ ၂ ရက် ညပိုင်းက ကြေးနီတင်ယာဉ် ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၃ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် တောင်ကျရေကြောင့် အဆောက်အအုံနှင့် ယာဉ်အချို့ ရေစီးထဲမျောပါ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှာ ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျရေကြောင့် အဆောက်အအုံနဲ့ ယာဉ်တချို့ ရေစီးထဲမျောပါသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

စစ်တပ် တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ဒီဇင်ဘာ ၁၁ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဗိုလ်မှူးလိုက်ပါလာသည့် အိမ်စီးကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို လာတဲ့ အကြမ်းဖက်စစ်တပ်ဗိုလ်မှူးလိုက်ပါလာတဲ့ အိမ်စီးကားကို မိုင်း ၂ ကြိမ် ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။