မကွေးတိုင်း၊ မကွေး – ရေနံချောင်း- နတ်မောက် လမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွားကားတွေကိုအသုံးပြုပြီး  လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်နေမှုမှာ စိတ်လိုလက်ရ ကူညီပို့ဆောင်ပေးနေတဲ့ ယာဥ်လိုင်းတွေရှိကြောင်း TAMAR MYAY Special Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီဖမ်းဆီးထားတဲ့ လူငယ်တွေကို သက်ဆိုင်ရာနေရာအလိုက် စစ်မှုထမ်းပို့ဆောင်ဖို့ မကွေး – ရေနံချောင်း- နတ်မောက် လမ်းပိုင်းမှာ မောင်းနှင်​နေတဲ့ မော်တော် ယာဉ်လိုင်းတချို့က စိတ်လိုလက်ရလိုက်လံကူညီပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒီအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ  မကွေး – ရေနံချောင်း- နတ်မောက် လမ်းပိုင်းပေါ်  TAMAR MYAY Special Column က ရှောင်တခင် တက်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါ့အပြင် လမ်းပိုင်းပေါ်မှာ အဆိုပါ ယာဥ်လိုင်းတွေဖြတ်သန်းမသွားလာဖို့၊ ပြည်သူတွေမလိုအပ်ဘဲ ခရိီးမထွက်ဖို့နဲ့ ပေါ်တာဆွဲထားတဲ့ ကားတွေနဲ့ လိုက်ပါစီးနင်းခြင်းမပြုဖို့ သတိပေးထားပါသေးတယ်။

Tamar Myay Special Column တပ်ဖွဲ့ဝင်များ လမ်းပိုင်းလုံခြုံရေး ဆောင်ရွက်နေစဥ်

“ကျနော်တို့ သတင်းရထားတာကတော့ ကားလိုင်းတချို့က စခတွေ ပေါ်တာဆွဲလာတဲ့ ကလေးတွေကို စိတ်ပါလက်ပါနဲ့ ပို့ရမယ့်နေရာတွေ လိုက်ပို့ပေးနေတယ်ပေါ့နော်။ မကွေး ရေနံချောင်း နတ်မောက်က အဆွဲခံရတဲ့ လူငယ်တွေပါ။ အခုထိ သိရသလောက်ကတော့ ရန်ကုန်ဘက်ကို ပို့တယ်လို့ပဲသိရတယ်ခင်ဗျ။ နေရာတော့ မသေချာဘူးပေါ့။” လို့ TAMAR MYAY Special Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအနေအထားရ ပြည်သူ့ကာကွယ်ရေးတပ်တွေက အကြမ်းဖက်စစ်ကောင်စီကို စိတ်ဓာတ်ရေးရာ အသာစီးရယူနိုင်ဖို့ရော ပြည်သူတွေ စိတ်အားတက်ကြွစေဖို့အတွက်ပါ ရည်ရွယ်ပြီး ရန်ကုန်- မန္တလေးအမြန်လမ်းအပါအဝင် စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်း၊ မကွေး- ရေနံချောင်း-နတ်မောက် စတဲ့နိုင်ငံတစ်ဝှမ်းက လမ်းပိုင်းတွေပေါ် အထိ တက်ကာ ရှောင်တခင်စစ်ဆေးမှု၊ ခရီးသွားပြည်သူတွေနဲ့ ထိတွေ့မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ဦးကို စစ်ကော်မရှင် အဖမ်းပြ

ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းအမျိုးသားကောင်စီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KNPP အသိပေး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။