တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညင်းဆိပ်ကျေးရွာအနီး တပ်ချိန်းဖို့သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ယောက်သေပြီး ၈ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာမှာ အထိုင်ချ တပ်စွဲထားတာဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်က အင်အား ၇၀ ခန့်နဲ့ ချောင်းဝပြင်ရွာ၊ သရက်ပင်ရွာနဲ့ ရေချို ချောင်းရွာတွေကို ဖြတ်သန်းကာ ဂုံညင်းဆိပ်ရွာကို လာကြိုမယ့် စက်လှေကို စောင့်ဆိုင်းနေစဉ်  တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၃၀ ရက်မှာ ဝေဟင်မြေပြင်ထိုးစစ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ပွဲ ၄ နာရီခန့်ကြာဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၁၆ ယောက်သေကာ ၈ ယောက်ဒဏ်ရာရရှိ သွားပြီး ကနက်သီရိအရှေ့ပင်လည်ရှိ အကြမ်းဖက်စစ်သင်္ဘောကနေ ဂုံညင်းဆိပ်ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာတော့ တိုက်ပွဲအတွင်း သေသွားတဲ့ စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေ၊ ကျန်ရှိနေတဲ့ စစ်သားတွေကို စက်လှေအကြီးနဲ့ တင်ဆောင်ကာ ကျောက်နီမော်ကျေးရွာဆီ ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ကစယ်ဒိုကျားအထူးတပ်ဖွဲ့၊ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ နဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ယောက်ကျဆုံးကာ ၃ ယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သီတာယုမွန် ပျူအဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါသည့် ၅ ဦးလုံး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။
Read More

ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကူညီကယ်ထုတ်ခဲ့သည့် မှတ်တမ်းရုပ်သံ ပကဖအသံ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖအသံက ထုတ်ပြန်ထားပါတယ်။
Read More

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ ကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကော်မရှင်ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် ထိခိုက်မှုကြောင့် မြိတ်မြို့သို့ ပြန်လှည့်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ‌မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ ဂျက်တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNDF ဗျူဟာအမှတ် -၂ မှ ရဲဘော်တွေ ရှေ့တန်းမှာ ဘယ်လိုတိုက်ခိုက်လဲ (ရုပ်သံ)

KNDF ဗျူဟာအမှတ် -၂  ရဲဘော်တွေ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့နေတဲ့ မှတ်တမ်းရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပြည်သူမှ ပြည်သူသို့ အကူအညီများ ရောက်ရှိဖို့ ဆောင်ရွက်နေသည်ဟု NUG အသိပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေကို အကူအညီပေးအပ်နိုင်ရေးကြိုးပမ်းနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်တောပျူစခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။