အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား Kim နဲ့ ယူကေ နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကိုတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကတဆင့် ရရှိတဲ့ ရန်ပုံငွေတွေကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေဆီ ထောက်ပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့် PDF ၂ရက်ဆက်ထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက်က အရာရှိအပါ ၄ဦးသေပြီး အများအပြားဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Fire Dragon PDF (မီးနဂါးစစ်ကြောင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

မန္တလေးမှာ ​အဆောက်အဦးပြိုကျလို့ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ယောက်သေကာ ကလေးတွေအပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးမှာ အဆောက်အဦးပြိုကျပြီး အသက် ၅၀ အရွယ် အမျိုးသမီး၁ယောက်သေဆုံးကာ ကလေးငယ် ၂ယောက်အပါဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay ထံက သိရပါတယ်။
Read More

ရှားပါးပျောက်ကွယ်တော့မယ့် ဧရာ၀တီလင်းပိုင် သားအမိကို ဘီးလင်းမှာတွေ့လို့ ပြန်လွှတ်ပေး

အကောင်ရေ ရာဂဏန်းလောက်သာရှိတော့တဲ့ ရှားပါးမျိုးစိတ် ဧရာ၀တီလင်းပိုင် သားအမိကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းက သောင်တစ်ခုမှာ ရောက်ရှိနေလို့ ကယ်တင်ပေးခဲ့ကြောင်း  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ရေးအသင်း (BANCA) က ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က စစ်တပ်စခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးပြောက်ကျားတပ် - YGF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်က စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ကျောင်းသားလက်ရုံးတပ်တော် သွားရာက်ကူညီ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်တို့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။