စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချပြီး အနုပညာဖန်တီးခွင့်တွေကို ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်စဉ် ပြောဆိုခဲ့ပါတယ်။

အကယ်ဒမီပေးပွဲအတွင်း စစ်ခေါင်းဆောင်က အမှာစကားပြောကြားရာမှာ  ပြည်သူ့ရင်ထဲစွဲမြဲစေမယ့် အကျိုးပြုဇာတ်ကားတွေ ဖန်တီးပေးဖို့ လိုတယ်လို့ဆိုပါတယ်။

“ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဟာ ကြည့်ရှုသူကို ရင်ထဲစွဲကျန်စေပါတယ်။ ရိုက်ခတ်စေပါတယ်။ တသသဖြစ်စေပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ခေတ်မှာ ပြသခဲ့တဲ့ ဘယ်သူပြိုင်လို့လှပါတော့နိုင်၊ မှုံရွှေရည်၊ သင်္ကြန်မိုးလို ဇာတ်ကားမျိုးဟာ ဘယ်အချိန်ပြန်ကြည့်ရကြည့်ရ မရိုးနိုင်တဲ့၊ စွဲမြဲ‌နေတဲ့ဇာတ်ကားမျိုး၊ အတုယူဖွယ်ရာ ဇာတ်ကားမျိုး၊ တသသဖြစ်နေရတဲ့ဇာတ်ကားမျိုးတွေဖြစ်ပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်တွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းအထန် ပိတ်ပင်ခဲ့တဲ့ စစ်ကောင်စီဟာ သူ့ကိုထောက်ခံတဲ့ အနုပညာရှင်တွေနဲ့အတူ အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ အခုလို အကယ်ဒမီပွဲ ကျင်းပနေစဉ် ပြည်သူ့ဘက် ရပ်တည်တဲ့ အနုပညာရှင်တချို့ကတော့ လွတ်မြောက်နယ်မြေတွေနဲ့ ပြည်ပကို ရောက်ရှိကာ သူတို့ရဲ့ အနုပညာကို အသုံးချပြီး တော်လှန်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီနေဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် မဲရုံစောင့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ မဲရုံများ ပြန်လည်ရုတ်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး မဲရုံတွေကိုပါ ပြန်လည်ရုတ်သိမ်းသွားခဲ့ရတယ်လို့ PDA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများအား ဂုဏ်ပြုကြောင်း KNLA  တပ်မဟာ ၄ ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့မှုမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း တပ်မဟာ(၄) တပ်မမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
Read More

TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းမှု မအောင်မြင်ဘဲ ပြီးဆုံး၊ နှစ်ဖက်တပ်များ ရောက်သည့်နေရာမှာ ရပ်တန့်ပြီး အပစ်အခတ်အားလုံး ရပ်စဲဖို့ TNLA တောင်းဆို

တရုတ်အစိုးရရဲ့ ဖိအားပေးစီစဥ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ဒီနေ့မှာ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။