နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။

လေကြောင်း၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်းက အမျိုးသမီး ရှစ်ဆယ်ကျော် (၈၆) သေဆုံးခဲ့ပြီး ခုနစ်ဆယ်ကျော် (၇၇) ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုအတွင်း  ၇၃ ယောက်၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ ယောက်နဲ့ မြေမြှုပ်မိုင်းကြောင့် တစ်ယောက် စုစုပေါင်း ၈၆ ယောက် သေဆုံးခဲ့ရတယ်လို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က BWU ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

(ဓာတ်ပုံ BWU)

သေဆုံးရသူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးအမေတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြားပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲပြင်းထန်ရာ နေရာတွေမှာ အမျိုးသမီးတွေကို ဦးတည်ပြီး ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကိုလည်း စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီကြောင့် အမျိုးသမီးသေဆုံးမှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ၃၉၂ ယောက်၊ ၂၀၂၄ မှာတော့ ၄၇၈ ယောက်အထိ သေဆုံးခဲ့ရပြီး အခု ၂၀၂၅ ခုနှစ်မှာလည်း စစ်ရာဇဝတ်တွေ ပိုမိုကျူးလွန်လာနိုင်တာကြောင့် သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်လည်း မြင့်တက်နိုင်ကြောင်း BWU က ခန့်မှန်းထားပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းရင်းသားအရေး၊ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ရေးယူ တိုက်ခိုက်နေတယ်လို့ မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ကောင်းယူတိုက်ခိုက်နေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်အတွင်း ပျူရွာများနှင့် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနထံက သိရပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မော်ဖိုးကေ စစ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၄ တပ်ရင်း စစ်သားတွေရှိရာ မော်ဖိုးကေ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။