မြန်မာပြည်က အာဏာသိမ်းစစ်တပ် အပါအဝင် စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် ထိပ်သီးအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက် ရောက်ပြီးပြောကြားလိုက်တာပါ။

“အာဏာရှင်နိုင်ငံတွေမှာ ဘာသာရေးကို အကြောင်းပြုပြီးတော့ ဖိနှိပ်တယ်၊ အာဏာရှင်တွေပဲ အာဏာတည်မြဲဖို့လို့… တကယ်တော့ဘာသာရေးကို တကယ်ယုံကြည်လို့ မဟုတ်ဘဲနဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ကွဲပြားအောင်လုပ်ပြီး အာဏာတည်မြဲအောင်လုပ်နေတဲ့ patternချင်းကတော့ အတူတူပါပဲ”လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

မြန်မာပြည်မှာဖြစ်ပျက်နေတဲ့  အခြေအနေတွေ၊ ပဋိပက္ခတွေကို အသုံးပြုပြီးတော့ communityတွေကို အားကောင်းအောင် လုပ်တာမျိုးမဟုတ်ဘဲနဲ့ အဲ့ဒီ့ ပဋိပက္ခတွေက community တွေ၊ လူ့အသိုင်း အဝိုင်းတွေ၊ နိုင်ငံတွေကိုပိုပြီးတော့ ကွဲပြားခြားနားအောင်လုပ်ဆောင်ပြီး  စစ်အာဏာရှင်တွေ အာဏာကြည်ရှည်ဖို့ အသုံးပြုကြတယ်လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။ 

နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်(IRF) ထိပ်သီး အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကNUG ကိုယ်စား တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့နွေဦးတော်လှန်ရေး (၄)နှစ်မြောက်အဖြစ် ပြုလုပ်တဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference မှာ NUG လူ့အခွင့်အရေးဝန်ကြီး အွန်လိုင်းကနေ အမှာစကားပြော

အီတလီနိုင်ငံမှာ မြန်မာ့နွေဦးတော်လှန်ရေး (၄) နှစ်မြောက်အနေနဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference ကို ဖေဖော်ဝါရီလ (၁) ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွက် ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများစွာကို သေစေခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူများ၏ စိတ်အားထက်သန်မှု မရဘဲ ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ် ပြီးဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေနဲ့ တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်သား ၁၀ ဦး သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ညောင်လေးပင်ခရိုင်မှာ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ဒီဇင်ဘာလ (၅)ရက်ကနေ (၈)ရက်အထိ (၄) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။