ရှမ်းပြည်နယ် မူဆယ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဖေဖော်ဝါရီ ၇ ရက် မနေ့က လက်နက်ကိုင်အမျိုးသား ၄ ယောက်ဝင်ရောက်လာကာ ဓားပြတိုက်မှု ဖြစ်ပွားသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမူဆယ်မြို့ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့အများအပြားက ထိန်းချုပ်ထားသလို တရားမဝင် စီးပွားရေးတွေ၊ လောင်းကစားလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးများ လွယ်လင့်တကူရောင်းဝယ်နေကြကာ လက်နက်ကိုင်အချင်းချင်း ပဋိပက္ခကြောင့် ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လျက်ရှိပါတယ်။

Video – မာည်းငို ဆငါး

0 Shares:
You May Also Like
Read More

အနောက်မန်ကျည်းကန် ပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ကြီး-ဟိုပုံးလမ်းပိုင်းမှာ ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်တိမ်းမှောက်ရာမှာ မီးလောင်မှုဖြစ်ပြီး လူ ၂ ယောက်သေဆုံးကာ ယာဉ် ၅ စီးမီး‌လောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီး-ဟိုပုံး ပြည်‌ထောင်စုလမ်းပိုင်းမှာ မေလ ၂၃ ရက် မနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှာ ယာဉ် ၅ စီးဆင့်တိုက်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။ ဆိုင်ကယ်နှစ်စီးအပါအဝင် ကား၃ စီး မီးလောင်ခဲ့ပြီး မီးလောင်သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃ ယောက်ရှိတယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး  ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲ ဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်သားများ ထိခိုက် သေဆုံးနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်မောက်-စိုင်းကောင်းလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။