ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်အမာခံထောက်ခံတဲ့ မဘသဖြစ်သူ သူရိန်မင်းထွန်းက ဦးဆောင်ခဲ့တာလို့ သိရပါတယ်။
သူရိန်မင်ထွန်းဆိုသူက သူရဲ့ လူမှုကွန်ရက်မှာ အခုလိုဆန္ဒပြဖို့အတွက် မြဝတီရဲတပ်ဖွဲ့ကို ခွင့်တောင်းစာ ဓာတ်ပုံနဲ့အတူ “၉:၀၀ နာရီအချိန်တွင် မြစန္ဒီပန်းခြံ၌ စုဝေးကာ အမှတ် (၁) ၊ (၂) တံတားထိပ်များသို့ ငြိမ်းစုစီတင်ပြထားသည့်အတိုင်း စီတန်းလှည့်လည်သွားရောက်ကာ ပြည်သူ့ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ပါသည်” ဆိုတဲ့စာသားကို ရေးသားထားတာ တွေ့ရပါတယ်။
ဆန္ဒပြဖို့ ခွင့်တောင်းစာမှာလည်း လူအယောက် ၃၀၀၀ စီတန်းလှည့်လည် ဆန္ဒပြရန် တောင်းဆိုထားပေမယ့် လက်တွေ့မှာတော့ လူအယောက် ၁၀၀ တောင်မပြည့်ဘူးလို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။
“သူတို့ ဆန္ဒပြလည်း သူတို့ရူးနေလို့ပဲ… မြို့ခံတွေလည်း တစ်ယောက်မှ ပါပုံမရဘူး၊ ဘယ်ကမှန်းမသိတဲ့ ၁၀၀ တောင်မပြည့်တဲ့ သူတွေလည်း လျှောက်လုပ်နေတာ” လို့ ဆန္ဒပြနေတာကို မျက်မြင်တွေ့မြင်လိုက်သူ မြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
မြဝတီမြို့ရဲ့ စီးပွားရေး ၈၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းကုန်စည်တွေကို မှီခိုလုပ်ကိုင်ရတာကြောင့် အခုလို ဆန္ဒပြမှုကို မြို့နေ လူထုတွေက တော်တော်လေး သဘောမကျဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲမှာ အရပ်ဝတ်တွေနဲ့ BGF တပ်သားတွေ ပါဝင်နေပြီး ဦးဆောင်သူ သူရိန်မင်းထွန်းဟာလည်း BGF အလိုကျ လုပ်ဆောင်နေသူတစ်ယောက် ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းကစတင်ပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တွေဆီ လျှပ်စစ်ဓာတ်အားပေးနေမှုနဲ့ ဆီတင်ပို့နေမှုတွေကို ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုများကြား ကလေးငယ်များကို ကယ်ထုတ်ပေးခဲ့သည့် ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုး လက်နက်ကြီးထိမှန် ကျဆုံးခဲ့

မေလ ၁၅ရက် ညပိုင်းက ချောင်းဦးမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် လင်းယောခင်ကျေးရွာအနီး စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်းခဲ့

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​ ရဲ့ ပြန်ကြားရေးဌာန PVTV က ဖော်ပြလာပါတယ်။
Read More

မင်းကွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၇ ဦးခန့်သေဆုံးပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ ဒုတပ်မမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။