ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီလ ၇ ရက်အထိ ၇ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ကို (၁၈) ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအနေနဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ တပ်ရင်းတပ်ဖွဲ့တွေ၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ်တွေဖြစ်တဲ့ KNLA၊ BPLA၊ FFD ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း (၂၇) ယောက်ကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး ‌ထွက်ပြေးလွတ်မြောက်သွားသူတွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လိုက်လံချေမှုန်းနေတယ်လို့ ဆိုပါတယ်။
ဒီတစ်ပတ်တာတိုက်ပွဲတွေမှာ တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA၊ BPLA၊ FFD နဲ့ အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးခဲ့သလို ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ပုံစာ – မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအပြီး မှတ်တမ်းဓာတ်ပုံများ..
0 Shares:
You May Also Like
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရဲစခန်းထဲမှာ ကျင်းပတဲ့ ရဲနဲ့ ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာပွဲ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူဆီက ဆက်ကြေးကောက်နေသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။