ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းက အနန်းကွင်းကျေးရွာရှိ အိမ်ခြေ ၅၀ ဝန်းကျင်က်ု မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ အကြမ်းဖက်စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာတပ်စခန်းက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူလူထုရဲ့ နေအိမ် အလုံး(၅၀)ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူလူထုရဲ့ နေအိမ်တွေ ပစ်မှတ်ထား မီးရှို့ဖျက်ဆီးတာကို နဂါးနီစစ်ကြောင်းက ဓာတ်ပုံမှတ်တမ်း ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ နေအိမ်မီးရှို့ဖျက်ဆီးခြင်း၊ လူငယ်တွေကို ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းခြင်း၊ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို တိုက်လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်နေကာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီတပ်တွေ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပုံများ
0 Shares:
You May Also Like
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာက MRTV အသံလွှင့်တာဝါတိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမှတ်(၁) စစ်ဒေသက အသိပေးထုတ်ပြန်လာပါတယ်။
Read More

မုံရွာ နမခကို ရှော့တိုက်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဌာနချုပ် အဆောက်အဦးများ ထိခိုက်ပျက်စီးပြီး အရာရှိများအပါ သေဆုံးသူ ၂၂ ယောက်အထိ ရှိခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဝန်းထဲကို ရှော့တိုက်ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး အရာရှိတွေအပါအဝင် သေဆုံးသူ  ၂၂ယောက်အထိရှိခဲ့တယ်လို့ Chindwin Rocket Brother-CRB တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်တပ်က လူမိုက်ဂိုဏ်းတွေကို အသုံးပြုပြီး စစ်သားသစ် စုဆောင်းမှုများရှိလာ

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အကြမ်းဖက်စစ်တပ်က ကြေးစားလူမိုက်တွေကို အခကြေးငွေပေးပြီး စစ်မှုထမ်းအတွက် လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲမှုတွေ ပြုလုပ်လာနေကြောင်း မြို့ခံတချို့ဆီက သိရပါတယ်။