မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖေဖေါ်ဝါရီလ(၁)ရက် မနက်ပိုင်းက ကျိုက်ထိုမြို့နယ် အတွင်း အခြေစိုက်ထားတဲ့ စစ်ကောင်စီ (အမှတ်-၃၁၀) အမြောက်တပ်က လက်နက်ကြီး (၁)လုံး ပစ်ခတ်မှုကြောင့် ခရွဲကျေးရွာအုပ်စု၊ မီးရထားလမ်းကျောက်မိုင်းအနီး ရော်ဘာခြံမှာ လက်နက်ကြီး (၁) လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ စစ်ကောင်စီ(အမှတ်-၄၄) ခြေမြန်တပ်မဌာနချုပ်အောက်ရှိ စစ်ကောင်စီ (အမှတ်-၂၀၇) ခြေမြန်တပ်ရင်းက ခရွဲကျေးရွာအုပ်စု သုံးခွရွာအတွင်းလမ်းမဘေးမှာ ဒရုန်းဗုံးသီးများ (၁)ခါ လာရောက်ပစ်ခတ်ပြီး ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီး (၂)လုံး ကျေးရွာထဲကို ထပ်မံကြဲချခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး (၁)လုံးကျရောက်ပေါက်ကွဲမှုကြောင့် ရော်ဘာခြံအလုပ်သမား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိမှန်ဒဏ်ရာရကာ နေအိမ် (၁) လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ (၇)ရက် မနက်အစောပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီက Y-12 လေယာဥ်နဲ့ (၆)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘီးလင်းမြို့နယ်၊ ရွှေလောင်းအင်းအုပ်စု၊ နတ်ကြီးရွာ၊ ရှမ်းစုဘက်ခြမ်း ဗုံးသီး (၃)လုံး ကျရောက်ပေါက်ကွဲပြီး အစူးချောင်းအုပ်စု၊ အစူးချောင်းရွာ မှာ (၇)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နတ်ကြီးရွာ ရှမ်းစု ဘက်ခြမ်းက နေအိမ်(၂)လုံး ထိမှန်ပျက်စီးပြီး အစူးချောင်းရွာ စာသင်ကျောင်း(၁)လုံး ဗုံးသီးကျည်စထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ (၃၁)ရက် မနက်ပိုင်းကလည်း စစ်ကောင်စီအခြေစိုက် ကမမောင်းတပ်စခန်းက လက်လုပ်အသေခံဒရုန်း (၅)စင်း လွှတ်တင်ခဲ့ရာ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ် ၊ တာအိုခီးကျေးရွာအုပ်စု၊ ဒေါင်းဇံကြီးကျေးရွာထဲ ကျရောက်ပြီး လက်လုပ်အသေခံဒရုန်း (၂)စင်း ကျရောက်ပြီး ပေါက်ကွဲမှုမရှိဘဲ (၃)စင်း ကျရောက်ပေါက်ကွဲမှုမှာ ဒေါင်းဇံကြီး ဘုန်းကြီးကျောင်းဝန်းထဲအတွင်းရှိ ကွမ်းပင်တွေ ဗုံးစအနည်းငယ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ကမမောင်းတပ်စခန်းကနေ ညနေ (၄) နာရီဝန်းကျင်မှာ လက်လုပ်အသေခံဒရုန်း (၁)စင်း နောက်ထပ်လွှတ်တင်ကာ ဒေါင်းဇံကြီးရွာဘေး ကျရောက်ပြီး ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်း(လေယာဉ်၊ ဒရုန်း) နဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ…
0 Shares:
You May Also Like
Read More

ခရမ်းနဲ့ ကဝ နယ်ချင်းစပ်နေရာက ကျေးရွာတွေမှာ စစ်ကောင်စီက ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့ ပဲခူးတိုင်း ကဝမြို့နယ် ထိစပ်နေတဲ့ နေရာတွေမှာ ကျေးရွာနေပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များမှာ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ဟု TNLA ထုတ်ပြန်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်တွင်  ရက်ရှည်ဝင်ရောက်နေသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများရှိနေပြီး စစ်အုပ်စုအထိနာထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ရက်ရှည်ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို ထိခိုက်မှုများအောင် ခုခံတိုက်ခိုက်ရင်း အရပ်သားတွေကိုလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညီနောင်မဟာမိတ် (၃)ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေ

ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာထောက်ထားတဲ့အနေနဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ပင်နီရောင်ယူနီဖောင်းနဲ့ တိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်း…

ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်းဟာ အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။