MNDAA ကိုအတင်းအကျပ် ဖိအားပေးစစ်ပွဲရပ်ခိုင်းပြီး လားရှိုးမြို့ကနေ ပြန်ဆုတ်ခိုင်းတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေးတို့အတွက် အားပေးထောက်ခံနေပြီး ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်တဲ့မူကို ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်မှုတွေက ရှေ့နောက်မညီ ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပြီးတစ်ပတ်အကြာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။
တရုတ်နဲ့ မြန်မာနိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို တရုတ်က အားပေးထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင်က ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ထောက်ခံပြီး မြန်မာ့နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ်ပြန်လည်စတင်တာကိုလည်း ထောက်ခံတယ်လို့ သူက ဆိုပါတယ်။
အာဆီယံစည်းလုံးညီညွတ်နေပြီး မြန်မာနိုင်ငံတည်ငြိမ်ရေး အထောက်အကူအဖြစ် ဘုံသဘောတူချက် ငါးချက် အကောင်အထည်ဖော်ရေးမှာ အာဆီယံက အပြုသဘောဆောင် အဓိကကြားဝင်ဆောင်ရွက်တာကို တရုတ် နိုင်ငံက ထောက်ခံတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်က ဖိအားပေးမှုတွေကို ကြည့်မယ် ဆိုရင် တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးချဉ်းကပ်မှုဟာ ရှေ့နောက်မညီ ဖြစ်နေတယ်လို့ ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ်တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ခဲ့ပါတယ်။
Photo – Courtesy of China’s Ministry of Foreign Affairs
0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၆ ယောက်သေ၊ အများအပြား ထိခိုက်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်အုပ်စု ကျုးလွန်သည့် အကြမ်းဖက်မှုများကြောင့်ထိခိုက်ခံစားခဲ့ရသူ စစ်ရှောင်များကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ဩဂုတ်လထဲမှာပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။