အမျိုးသမီးများကို စစ်မှုထမ်းရန်ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာတွေကတဆင့်ပြောကြားလိုက်ပါတယ်။
“ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသား အသက်ဘယ်လောက် ဆိုတာပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကို မူတည်ပြီးတော့ အမျိုးသမီးတွေကို ခြိမ်းခြောက်နေမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်အနေနဲ့ အတိအလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေး” ဘူးလို့ ဇော်မင်းထွန်းကပြောပါတယ်။
ဇော်မင်းထွန်းက စစ်မှုထမ်းခေါ်ယူမှုများနှင့်ပတ်သက်ပြီး တိုင်ကြားနိုင်သလို မမှန်မကန် သတင်းပို့ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများ ပြုလုပ်ပါက ဖော်ထုတ်အရေးယူမယ်လို့လည်းဆိုပါတယ်။
ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ဟုဆိုကာ အောက်ခြေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးအချို့က စာရင်းကောက်ယူမှုအချို့ ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။
လတ်တလောမှာ စစ်မှုထမ်းအပတ်စဉ်(၁၀) အတွက်စစ်ကောင်စီဘက်က စတင်စုဆောင်းမှုတွေပြုလုပ်နေပြီး ပြည်ပထွက်ခွင့်နဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်ခွင့်အချို့ကိုပါ တားမြစ်လျက်ရှိတာဖြစ်ပါတယ်။
စစ်ကောင်စီက မတရားသတ်မှတ် ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အခုနှစ် ၂၀၂၅ ဖေဖော်ဝါရီမှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အပတ်စဉ် (၉) အထိ စစ်မှုထမ်း အင်အား ၄၀၀၀၀ကျော်ကို စစ်သင်တန်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင်တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်နေ…

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ကျစ်လျစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က စတင်လို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရာ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန် လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃၀ ဦးထက်မနည်း သေပြီး တပ်ရင်းမှူးအပါ ၁၀ ဦးခန့်ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ထက်မနည်း သေဆုံးပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က ဒီနေ့မှ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု ၆ဦး ဒဏ်ရာရကာ အဆောက်အအုံများ ထိခိုက်ပျက်စီး

ငလျင်လှုပ်ခတ်မှုအပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ၆ယောက် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်လာပါတယ်။
Read More

ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီ ခေါင်းဆောင်အချင်းချင်း လုပ်ပိုင်ခွင့်ကိစ္စပြောဆိုရင်း ထိုးကြိတ်မှု ဖြစ်ပွါးခဲ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ဂေါက်ကွင်းမှာ ဂေါက်ရိုက်နေတဲ့ အရှေ့တောင်ပိုင်းတိုင်း ဒုတိုင်းမှူးနဲ့ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ လုပ်ပိုင်ခွင့် အငြင်းပွါးရင်း ထိုးကြိတ်မှု ဖြစ်ခဲ့တယ်လို့ ဂေါက်ကွင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။