အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်ကားရာ စျေးတစ်ခုမှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ ပြည်သူလူထုကို လှုံ့ဆော်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအကြမ်းမဖက်ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို အခုကာလအထိ ပြည်သူအပေါင်း ရင်ဆိုင်တွေ့နေရတဲ့ အထွေထွေကျပ်တည်းမှု၊ မလုံခြုံမှု၊ ဖိနှိပ်ခံရမှု၊ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးမှုအပြင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ၊ ပေါ်တာဆွဲမှုတွေ စတဲ့ အခက်အခဲအကြပ်အတည်းပေါင်းများစွာရဲ့ အဓိကလက်သည်တရားခံမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရှင်တစ်စုကြောင့်ဖြစ်တယ်လို့ သပိတ်အင်အားအားစုတွေက ဆိုပါတယ်။
ဒါ့အပြင် အခက်အခဲ အကျပ်အတည်းများစွာက လွတ်မြောက်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ ရရာနည်းလမ်းနဲ့ တော်လှန်ဖို့လွဲလို့ အခြားမရှိဘူးလို့လည်း ဆိုထားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ အင်တိုက်အားတိုက်နဲ့ ဆက်လက်ဝန်းရံ တော်လှန်ပေးဖို့ သပိတ်အင်အားအားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
0 Shares:
You May Also Like
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်း ခရိုင် ၂ခုတွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်း ပြသရန် စစ်အုပ်စုက အိမ်ပေါက်စေ့ ခြိမ်းခြောက် အလံထောင်ခိုင်းထား

မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကြောင်းမှ တပ်သား ၁ ဦး ကျန်နေရစ်ကာ လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူနယ်အစပ် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ လက်ဦးမှုယူကာ တိုက်ခိုက်နိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အယောက် ၃၀ ကျော်ရှိနိုင်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force ထံက သိရပါတယ်။