မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ပြင်ဦးလွင်ကို သွားမယ့် စစ်ကောင်စီတပ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Yenanthar Column (မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်​ မနေ့ကမနက်ပိုင်းမှာ ဆိပ်ဖြူ မြို့နယ်က.ပ.စ (၂၁)ကနေ ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီကား ၅ စီးကို ဆိပ်ဖြူ-ကန်ဇွန်းမလမ်းပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ကား ၂ စီးမီးလောင်ပေါက်ကွဲပြီး စစ်အုပ်စုတွေလည်း အထိနာခဲ့ပေမယ့် လက်နက်တွေတော့ မရရှိခဲ့ဘူးလို့ Yenanthar Column သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
” စစ်ကားတွေက ကပစ ၂၁ကနေ ပြင်ဦးလွင်ကပစ ၂၁ကို ပစ္စည်းသွားပို့မယ့်ကားတွေလို့ပဲ သိရတယ်။ ဘာတွေပါလဲတော့ မသိရဘူး။ ကားက စစ်ကား ၃ စီး၊ ဖောကား ၁ စီးနဲ့ အိမ်စီးကား ၁ စီးပါ။ အဲ့တာ ၇ ရက်နေ့ မနက် ၁၀ နာရီ ၁၂မိနစ်လောက်ကစပြီး ထိတွေ့မှုဖြစ်တာ။ မီတာ ၅၀ လောက်အတွင်း ပစ်ခတ်မှု ဖြစ်ခဲ့တယ်ပြောရမယ်။ ကား ၂ စီးပျက်စီးသွားတယ်။ အသာစီးရခဲ့ပေမယ့် ဆိပ်ဖြူစစ်ကြောင်းတက်လာတဲ့အတွက် ကားတွေရော လက်နက်တွေရော မသိမ်းလိုက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။” လို့ ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီက ပြန်လည်သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာခဲ့သူတွေကို ဆိပ်ဖြူဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မကွေးတိုင်းပကဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့အတူ မကွေးတိုင်းပကဖ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်း (၁၉)နဲ့ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန်(၁) ပ.က.ဖအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆိပ်ဖြူမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်ကစလို့ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၂ က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အရပ်သားတွေ ထွက်ပြေးနေရသလို တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ရှိနေတာ ဖြစ်ပါတယ်။
ပုံစာ – Yenanthar Column တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဖိအားတချို့ကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ NUG ပြော၊ ကျားဖြန့်ဂိုဏ်းတွေမှာ စစ်ဗိုလ်ချုပ်အချို့ရဲ့ အကျိုးစီးပွါးတွေပါ၀င် ဆက်နွယ်နေ

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်အထိ တိုးချဲ့နိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေဟု ဆို

မြန်မာနိုင်ငံမှာ LNG ဆိပ်ကမ်း တည်ဆောက်ကာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူပြီး စစ်ကောင်စီက တရုတ်နိုင်ငံကို တင်ပို့ဖို့ စီစဉ်နေတယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်အနာဂတ် တည်ဆောက်သည့်စိတ် နှလုံးသွင်းပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးများကို ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ အင်မတန် ကောင်းမွန်ပေမယ့် အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။