မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

စစ်သင်္ဘောဟာ မင်းဘူးမြို့နယ်ဘက်မှ မြစ်ကြောင်းတိုင်း ဆန်တက်လာခဲ့တာဖြစ်ပြီး စလင်း(ပကဖ) နဲ့အတူ ဒေါင်းစစ်အောင်LPDF၊ မင်းဘူးခရိုင်လက်ရုံးအဖွဲ့၊ ဧရာဘီလူးLPDFနဲ့ Triger Frighter LPDF အဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘူဂေးရီးယားနိုင်ငံမှာ မိုးအပြင်းအထန်ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၃ ယောက်သေဆုံး (ရုပ်/သံ)

ဘူဂေးရီးယားနိုင်ငံ Black Sea ကမ်းရိုးတန်းရှိ Elenite ခရီးသွားမြို့မှာ အောက်တိုဘာ ၃ ရက်က မိုးအပြင်းအထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လူ ၃ ယောက်သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ ပြည်သူများ နေထိုင်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း မိုးလေဝသပညာ ရှင်တွေက ခန့်မှန်းထားပါတယ်။
Read More

ပြည်သူများ လယ်ယာရိတ်သိမ်းနေချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အစ္စရေးကို ဒုံးကျည် ၂၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်တဲ့ အီရန်အနေနဲ့ ပြန်လည်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော (ရုပ်/သံ)

ဘေရွတ်ခ်မြို့မှာ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နက်စ်ရယ်လာကို လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အစ္စရေးကို လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၁ ရက် မနေ့ ညပိုင်းက အစ္စရေးနိုင်ငံအနှံ့ကို အီရန်က ဒုံးကျည်ပေါင်း ၂၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဆောမြို့နယ်မှာ စာသင်ကျောင်း ဗုံးကြဲခံရ၊ (၈)နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အညာကတင်းကျေးရွာစာသင်ကျောင်းကို မေလ ၁ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၈)နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လုယက်လာသည့် စစ်အုပ်စုကို တိုက်ခိုက်မှု ပျူ ၄ ဦးသေဆုံးပြီး စက်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ပြည်သူတွေဆီက စပါးရိတ်စက်တွေ လုယက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် သေဆုံးပြီး စက်တွေကို ပြည်သူထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။