စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
အလင်းဝင်ရဲတပ်သားဟာ G3 သေနတ် တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ အ‌တောင့် ၁၈၀ ၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာအင်္ကျီတစ်ထည်တို့နဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
ရေဦးမြို့နယ် ပကဖ အနေနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ပြီး နောက်ထပ် အလင်းဝင်လာမယ့် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကိုလည်း ကြိုဆိုနေတယ်လို့ ရေဦး ပကဖ က ဖိတ်ခေါ်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဥသျှစ်ပင်မှာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ပေါ်တာဆွဲ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နယ်နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက လူငယ်တွေကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဇီးကုန်းမှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ​ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရှမ်းနီးတပ်ရဲ့ ပေါ်တာဆွဲခြင်း ခံရပြီး ခမရ ၅၅၇ ရောက် စစ်သား ၁ ယောက် လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကော်မရှင်တပ် ခမရ ၅၅၇ တပ်ရင်းက စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထား

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်တစ်ဖြစ်လည်း နေရွှေသွေးအောင်ရဲ့ ဖခင် ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မှာ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
Read More

ခလရ (၄၀၃) တပ်ရင်းမှ စစ်သား (၂) ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်တပ်ရိက္ခာပို့စစ်ကြောင်းမှ စစ်မှုထမ်း ၁ဦး သေနတ်နှင့်ကျည်များ ယူဆောင်ကာ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာပို့လာတဲ့ တပ်မ (၉၉) စစ်ကြောင်းက စစ်မှုထမ်းတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးခိုလှုံလာတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။