မြန်မာနိုင်ငံမှာ အကြီးစားလူကုန်ကူးမှုနဲ့အတူ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံလာရတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ခိုင်းစေဖို့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခေါ်ဆောင်နေတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေကတစ်ဆင့် ပြောပါတယ်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေဟာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လုပ်ငန်း၊ ဘာသာပြန်လုပ်ငန်းတွေမှာ ငွေကြေးအများအပြားနဲ့ အလုပ်လုပ်ရမယ်လို့ သွေးဆောင်ခံခဲ့ရတာဖြစ်ပါတယ်။
အဲ့လို သွေးဆောင်ခံခဲ့ရတဲ့ နိုင်ငံခြားသားတွေဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ခေါ်ဆောင်ခံခဲ့ရပြီး အဲ့ဒီကမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ တရားမဝင်ကျားဖြန့်လုပ်ငန်း ကိုယ်စားလှယ်တွေဟာ (လူကုန်ကူးခံရသူတွေ) ထိုင်းမြန်မာနယ်စပ်တလျောက် သောင်ရင်းမြစ်ကို ဖြတ်ကျော်ခေါ်ဆောင်ပြီး မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေနဲ့ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်းခံခဲ့ရတယ်” လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောကြားခဲ့တယ်လို့ မြန်မာ့အလင်းမှာ ဖော်ပြထားပါတယ်။
မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြို့နဲ့ KK park နယ်မြေတွေဟာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လက်နက်ခဲယမ်းတွေအတွက် ထိုင်းနိုင်ငံကို အခြေခံပြီး ရယူသုံးစွဲနေတယ်လို့ အစွပ်စွဲခံရပြီးတဲ့နောက် ထိုင်းနိုင်ငံက ဖေဖော်ဝါရီ ၅ ရက်ကစလို့ မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျောက် ကျားဖြန့်လုပ်ငန်း နှိမ်နင်းနိုင်ရေး ရည်ရွယ်ပြီး လျှပ်စစ်မီးနဲ့ စက်သုံးဆီဖြတ်တောက်ထားတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

PDF စခန်းကို လမ်းပြဒလန် လုပ်ခဲ့သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းပြ သတင်းပေးဖြစ်သူ စန်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။