မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာက ပျူစောထီးစခန်းကို ဇန်နဝါရီလ (၂၈) ရက် ညပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အများအပြား သေဆုံးခဲ့ပြီး ကာဘိုင် (၄) လက်၊ 12ဗို့ (၁)လက် သိမ်းဆည်း ရရှိခဲ့တယိလို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးဟာ မကွေးတိုင်း‌တောင်ပိုင်း၊ ပွင့်ဖြူမြို့နယ် အတွင်း ပထမဆုံးစီးနင်းတိုက်ခိုက်နိုင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှု ဖြစ်ပြီး ” အညာညီနောင်” အနေနဲ့သာ သီးသန့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ (၁) ရက် မွန်းတည့်အချိန်ကလည်း ပွင့်ဖြူမြို့နယ်အတွင်း စလင်းအခြေစိုက် ခလရ (၂၅၃/ ၂၅၄/ ၂၅၅ ပွင့်ဖြူအခြေစိုက် ဝါတပ်၊ ငဖဲအခြေစ်ိုက် ကပစ-၁၄ နဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား (၃၀၀) ကျော်ခန့် စစ်ကောင်စီစစ်ကြောင်းကို မဒဲကျေးရွာနဲ့ ရေပုတ်က‌လေးကျေးရွာအကြား စောင့်ကြိုကာ ခြုံခို ဖြတ်တောက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်း အထိနာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို စနစ်တကျခြုံခို ဖြတ်တောက်မှုကြောင့် စစ်ကောင်စီတပ်က (၁၅) ယောက်ခန့် အနည်းဆုံး သေပြီး အယောက် (၂၀) ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး အညာညီနောင်က ရဲဘော် (၂) ယောက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင် အမှတ် (၄) တပ်ရင်း၊ ပေါက်/မြိုင် စုဖွဲ့မှု (ပကဖ) ၊ Young Force ( PKU ) ၊ Earthquake Defence Force ( PKU ) ၊ Joker (ပျောက်ကြားတပ်ဖွဲ့)၊ မြိုင် (ပကဖ) ဒရုန်း အဖွဲ့တို့ စနစ်တကျ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းရှီ အကြမ်းဖက် စစ်ကောင်စီလက်‌ အောက်ခံ စစ်သား ၊ ရဲ ၊ ပျူစောထီး လက်နက်ကိုင်တွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း အညာညီနောင်က အသိပေး ထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်ချင်တဲ့ စစ်သား ၊ ရဲ နဲ့ ပျူစောထီးတွေကိုလည်း နွေးထွေးစွာ ကြိုဆိုနေသလို မိသားစုတွေကိုလည်း ကောင်းမွန်စွာ စောင့်ရှောက် ပေးထားမှာဖြစ်ပြီး ပြည်သူလူထုနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျစေ ရေးအတွက် ပူပေါင်းပါဝင်ပေးဖို့ အညာညီနောင်က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဒေါနတောင်ပေါ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် အစာရေစာ ပြတ်လပ်ပြီး အလံဖြူထောင် လက်နက်ချမှုများ ရှိလာ

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေ အစာရေစာ ငတ်ပြတ်မှုတွေ ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဝဲဒေါင့်ဝဲကြီးရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ ၁၀ ဦးထက်မနည်း သေဆုံးကာ အထိနာသွားသည့် စစ်ကောင်စီတပ် ပြည်သူတွေရှိရာကို ရမ်းသမ်းပစ်ခတ်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖြူးကပဖ က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။