ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၇ရက် မနေ့ကညပိုင်းမှာ ထောက်ကြံ့မြို့နယ်၊ ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ရဲ့ ဝန်ထမ်းတန်းလျားကို Rangoon Urban Column ( RUC) က (79) ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဝန်ထမ်းတန်းလျားပေါ် ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တဲ့အတွက် ထိခိုက်မှုတွေရှိတယ်လို့လည်း သိရပါတယ်။
” ကျနော်ပြန်ကြားရတာအရဆို ထိခိုက်မှုတွေက ရှိတယ်။ အတိအကျတော့ မသိရဘူးဗျ၊ ထိခိုက်မှုက ရှိတယ်။ အတိကျဖြစ်အောင် သေချာစုံစမ်းတုန်းပါ။ အဲ့ကျောင်းက ရဲဖြစ်ပြီးသားတွေပါ တက်တာ” လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ဒီဇင်ဘာလတုန်းကလည်း ထောက်ကြံ့-လှော်ကားတာဆုံအနီးမှာရှိတဲ့ အမှတ် ၁၀၆ ခြေမြန်တပ်ရင်းချုပ်အဝင်ဂိတ်ကို R.U.C ​​စစ်ကြောင်းရဲဘော်တွေ (79) ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
R.U.C စစ်ကြောင်းအနေနဲ့ မြို့ပြအတွင်း ခက်ခက်ခဲခဲရှင်သန်ပြီး စစ်ရေးဖော်ဆောင်မှုတွေ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ဝပ်ကျင်း၊ ရိက္ခာ၊ စစ်အသုံးစရိတ်စတဲ့ လိုအပ်ချက်တွေ ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု ၆ ကြိမ်ရှိခဲ့တယ်လို့လည်း Rangoon Scout Network က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရန်ကုန်၊ ​ထောက်ကြံ့မြို့နယ်က ရဲအကြပ်သင်တန်းကျောင်း( လှော်ကား) ရှေ့ဝင်ပေါက်မြင်ကွင်း…
0 Shares:
You May Also Like
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့နယ်က ဆီပေပါ သိုလှောင်ရုံကို စစ်အုပ်စုကလေကြောင်းမှ တိုက်ခိုက်၊ စက်သုံးဆီ ပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့…

"ဆီပေပါတွေက အဲ့မြို့နားတစ်ဝိုက် ရောင်းချနေတဲ့သူတွေ သိုလှောင်ထားတဲ့ ပေပါတွေပါ၊ PDF နဲ့ မဆိုင်ပါဘူး၊ မကြာခဏဆိုသလို အတင်၊အချတွေတော့ ရှိပါတယ်" လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက မောင်းသတင်းဌာနကို ပြောပါတယ် ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိပေမယ့်လည်း ယာယီတဲတစ်လုံး နဲ့ စက်သုံးဆီပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၁၇ က ကျဆုံးရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်း

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်တစ်နေရာမှာ ၂၀၂၂ ခုနှစ်က ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၇) က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးနယ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေ ကိုယ့်ဒရုန်းကိုယ်ပြန်ခေါ်ရင်း ဗုံးသီးပြုတ်ကျလို့ ၆ယောက်သေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။