အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။

အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့်စစ်သည် တစ်ထောင်ကျော်ကို တပ်မတော်ကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဗိုလ်ချုပ်မောင်မောင်အေးရဲ့ ပြောကြားမှုကို ဖော်ပြထားပါတယ်။ 

ရှေ့တန်းစစ်မျက်နှာပြင်တွေအတွက် စစ်သည်အင်အားလိုအပ်နေချိန် လူငယ်လူရွယ်တွေကိုအကြမ်းဖက် ပေါ်တာဆွဲ ဖမ်းဆီးနေချိန်မှာ ကလေးစစ်သားတွေကို နှုတ်ထွက်ခွင့်ပြုတယ်လို့ ချိန်သားကိုက် ဝါဒဖြန့် ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကနေ  လက်ရှိအချိန်အထိ  ကလေးသူငယ်တွေကို စစ်မှုထမ်းခြင်းကနေ ကာကွယ် တားဆီး ထိန်းသိမ်းရေးကော်မတီနဲ့ CTFMR တို့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့တဲ့ အသက်မပြည့်စစ်သည် ၁၀၅၇ ယောက်ကို နှုတ်ထွက်ခွင့်ပြုတယ်လို့ ထုတ်ပြန်ပါတယ်။

 အာဏာသိမ်းစစ်တပ်ဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်း စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက မတရားဥပဒေပြဌာန်းပြီးတဲ့နောက် လူငယ်အများစုဟာ မတရားစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံနေရတာဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အပတ်စဉ် (၉) အထိရောက်ရှိနေပြီဖြစ်ကာ အပတ်စဉ် (၁၀) အတွက် စတင်လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ် သက်သေ တစုံတရာ ပြသမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းသည်ဟု စာထုတ်

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။