ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅) ဗျူဟာထံက သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ပဲခူးရိုးမအတွင်း ချောင်းဂေါင်းအုပ်စု၊ စင်မြင့်ရွာအနီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက်သေပြီး အများအပြားထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးလာနိုင်သလို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးတာ၊ ယာဉ်တွေကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုနေထိုင် သွားလာကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅) ဗျူဟာက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ(ခေါ်) မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၈ ရက်က Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့ထံက သိရပါတယ်။
Read More

ယနေ့နံနက်ပိုင်း တံတားဦီးမြို့မှာ ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျည်ဆန်လိုအပ်ချက်နှင့် တိုက်ပွဲဝင်နေကြသည့် ရဲဘော်များရဲ့ ရုပ်သံဖိုင် YARMA BRIGADE ထုတ်ပြန် (ရုပ်/သံ)

ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းနယ်မြေနဲ့ ဖာပွန်စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တောင်ပိုင်းတိုင်း၊ ဗျူဟာ(၂၇)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်မဟာ-၁၊ တပ်ရင်း(၇၈၀၅)၊ တပ်ခွဲ-၅ (YARMA BRIGADE) မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ကျည်ဆန်လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်၊ အရာရှိ ၃ ဦးအပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူအတွက် အစွမ်းကုန် ကြိုးစားပေးဆပ်ဖို့ စစ်သင်တန်းဆင်း ရဲဘော်သစ်တွေကို NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် တိုက်တွန်းပြောကြား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အမှတ်တရအမှာစကား ပြောကြားခဲ့တဲ့ရုပ်သံကို  ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၁) က ထုတ်ပြန်လာပါတယ်။
Read More

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။