ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၆) ရက် မနက်ပိုင်းက နောင်ချိုမြို့နယ်၊ သပြေတောင် ဘုရားကုန်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြံကားမောင်းနှင်လာသူ အသက် (၃၀) အရွယ် အမျိုးသား ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးဝါးကုသဖို့ ဒေသခံတွေက ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်ကလည်း နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃) ယောက်နဲ့ အမျိုးသား (၅) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံးနဲ့ ရဲစခန်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ပြုလုပ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ…

ကရင်အမျိူးသားအစည်းအရုံး-KNU ရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။