မြန်မာနိုင်ငံရဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကစလို့ နွေဦးတော်လှန်ရေးအထိ ပြည်သူတွေ ရင်ထဲ စွဲမြဲနေခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကို ရေးစပ်ခဲ့သူ တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ ပါးစပ်ရာဇဝင်လေးတစ်ခု ဖြစ်ခဲ့ပြီ၊ ဝါဆို၊ တခါက မြစန်းကြည်၊ ဆေးရောင်စုံ မြင်ကွင်းကျယ်၊ ချစ်လူမိုက် စတဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းတွေ ရေးစပ်ဖန်တီးခဲ့သူ တေးရေးဆရာ နိုင်မြန်မာဟာ ဒီနေ့မနက်ပိုင်းမှာ နှလုံးလေဟပ်ကာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပြီဖြစ်ပါတယ်။

တေးရေးဆရာ နိုင်မြန်မာ ဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့အပြင် တော်လှန်ရေးရဲ့ အနှစ်သာရသီချင်း ဖြစ်လာခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကို ရေးစပ်ဖန်တီးခဲ့ကာ အဆိုတော် ဗျူဟာ၊ ရာဇဝင်၊ နေမဝင်၊ ရှင်နိုင်းမြန်မာ၊ မင်းအေးမြန်မာတို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

သူ့ရဲ့ သားဖြစ်သူ အဆိုတော် ဗျူဟာကလည်း လျှပ်စစ်မီး ပုံမှန်မရရှိမှုကို လူမှုကွန်ရက်ကနေ အကြမ်းဖက်စစ်ခေါင်းဆောင်ဦးဆောင်တဲ့ အစိုးရကို ဝေဖန်ပြောဆိုခဲ့တာကြောင့် ၂၀၂၃ ခုနှစ် မေလက ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

ဆက်ကြေးကောက်နေသည့် အကြမ်းဖက်စစ်သားများကို ဝင်ပစ်ရင်း နတ်ဆိုးတပ်ရင်းမှ ရဲဘော်၃ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာ ဆက်ကြေးကောင်ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း တပ်ဖွဲ့ဝင် ၃ယောက်ကျဆုံးခဲ့ရကြောင်း မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုထံ ရေဦးပကဖ တပ်ဖွဲ့ဝင် ၆ ဦး ပူးပေါင်းသွားကြောင်း သတင်းထွက်ပေါ် ၊ ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းသွားတာမဟုတ်ဘဲ ထွက်ပြေးရာမှ ဖမ်းခံရပြီး ဝါဒဖြန့်တာလို့ ရေဦးပကဖ ပြော 

ကျည်ဆံခိုးရောင်းမှုကြောင့် ပြစ်ဒဏ်ပေးခံထားရသူနဲ့ အကျယ်ချုပ် ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားသူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး စစ်တပ်ထံ အလင်းဝင်ရောက်လာတဲ့ပုံစံမျိုး ဝါဒဖြန့် ပုံဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ ရွာပြင် ထွက်အိပ်နေရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။