စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနေ့ပ နေ့လည်ပိုင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ် သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်း ညောင်ပင်ကန်ကျေးရွာအရောက်  တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အတိအကျသိနိုင်ဖို့ကိုတော့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေကို နမခကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို North Western People Defence Force  ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်းရဲ့  Ba Thu Kyawal Column က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်မယ်လို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ခမရ (၅၉၁) မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာရှိ စစ်ကော်မရှင်တပ် ခမရ (၅၉၁) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) ဆီက သိရပါတယ်။
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးရဲဘော်တွေအပေါ် ကြောက်ရွံ့စိတ်မရှိဘဲ ရင်းနှီးမှုရဖို့ ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) ဟာ တပ်ရင်းစိုးမိုးနယ်မြေက ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူမြို့မှာ ကျားဖြန့်တွေ ခြေမချနိုင်ရေးအတွက် တရုတ်နိုင်ငံသားတွေ ထွက်ခွာဖို့  DKBA သတိပေး

ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလကုန်ကို နောက်ဆုံးထားပြီး ထွက်ခွါသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ်(၂) နည်းဗျူဟာက  ထုတ်ပြန်လိုက်ပါတယ်။