မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီးစစ်ကောင်စီဘက်က အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၃ရက်နေ့က ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း ထွက်လာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သုံးမိုင်ပေါက်လမ်းခွဲမှာ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ရုန်းပင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်ပြီး ၅ ရက်နေ့မှာတော့ လက်နက်ကြီး ပစ်ကူတွေနဲ့အတူ စေတုတ္ထရာမြို့နယ်အတွင်းက ကြီးအုံကြီးဝ တမံဘက်ဆီ ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း သတင်းတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ၁နာရီခွဲကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီဘက်က စစ်သား ၃၀ ဝန်းကျင် ထိခိုက်နိုင်ကြောင်းနဲ့ အတိအကျကိုစုံစမ်းနေဆဲဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။

“တိုက်ပွဲက ၃ ရက်နေ့နဲ့ ၅ ရက်နေ့ဖြစ်တာ။ သူတို့စစ်ကြောင်းထိုးလာတဲ့နေရာကို အချိန်အတန်ကြာ ခုခံခဲ့တယ်ပေါ့။ မဲဇလီရဲစခန်းကနေလည်း လက်နက်ကြီးပစ်ကူ တောက်လျှောက်တောင်းပြီး တရစပ် ပစ်တယ်။ အခုတော့ ကြီးအုံကြီးဝ တမံကနေ အထိနာပြီး ပြန်ဆုတ်သွားပြီး။ ထပ်မတိုးသေးဘူး။ မဲဇလီရဲစခန်းမှာ အင်အားစုနေတယ်ကြားတယ်။ ပြန်တက်လာနိုင်တယ်။” လို့ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေအတွက် မဲဇလီရဲစခန်းနဲ့ နောက်ချန်အင်အားတွေက တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးခဲ့သလို အရပ်သားကျေးရွာတွေဆီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိ​ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၃ရက်နေ့မှာလည်း စစ်ဘေးတိမ်းရှောင်နေရတဲ့ မဒဲ၊ အင်းကုန်း၊ မဲဇလီရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်တန်ဖိုးကြီးပစ္စည်းတွေနဲ့  ကြက်၊ ဝက်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်သွားကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းနဲ့အတူ ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးခရိုင် အမှတ် ၇တပ်ရင်းက ထုတ်ပြန်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲဖော်ဆောင်မှု ပုံရိပ်များ (ဓာတ်ပုံ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း)

0 Shares:
You May Also Like
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၉ ဦး သေပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်တွင် အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်း စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သားအယောက် ၅၀ နီးပါး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ အင်အား ၁၅၀ နီးပါးရှိတဲ့ အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရပြီး အယောက် ၅၀ နီးပါးထိခိုက်သေဆုံးကာ စစ်ကြောင်းပျက်စီးသွားတယ်လို့ ပဲခူးရိုးမ PDF၊ ဗျူဟာ (၂၂) ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။