ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာမှာ အမျိုးသားတစ်ယောက် ကြံခုတ်ရင်း မြေမြှုပ်မိုင်းနဲ့ ထိမိကာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းဖော်ပြထားပါတယ်။

အဆိုပါအမျိုးသားဟာ ဖေဖော်ဝါရီလ ၅ရက်နေ့ ညနေပိုင်းမှာ တောင်ယာထဲ ကြံခုတ်နေရင်း မြေမြှုပ်မိုင်းကို ခုတ်မိရာက ပေါက်ကွဲမှု ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားရဲ့ သားဖြစ်သူက “အဖေက နောင်တိန်းရွာမှာ ကြံသွားခုတ်တာ၊ မိုင်းပေါက်မိလို့ မျက်နှာ၊ ဦးခေါင်းနဲ့ ဗိုက်မှာ ဒဏ်ရာရရှိတယ်၊ ဗိုက်မှာက မိုင်းအစ ဝင်သွားလို့ ဒဏ်ရာနက်တယ်၊ မနေ့ကလည်း ခွဲစိတ်ခန်းဝင်ရတယ်၊ အခုလည်း ဆေးရုံမှာ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရတယ်”လို့ ပြောဆိုကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံအမျိုးသားဟာ နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာနေ အသက် ၆၁ နှစ်အရွယ် ဖြစ်ပြီး သူ မိုင်းထိတဲ့ နေရာက အရင် ရှမ်းပြည်တိုးတက်ရေးပါတီ -SSPP  တပ်ဖွဲ့ရဲ့ တပ်စခန်း အခြေချခဲ့တဲ့ နေရာဒေသဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်ကလည်း မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ဖက်မှာ ဒေသခံအမျိုးသားတစ်ယောက် ကြံသွားခုတ်ရင်း မြေမြှုပ်မိုင်းနင်းမိကာ ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်​သေးဘဲ အခက်တွေ့နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်၏‌‌ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်မှ (၅) ဦး သေပြီး ထောက်ပို့ယာဉ် (၂) စီးပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်ရာ ထောက်ပို့ယာဉ် (၂) စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးက “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)ရှိအရာရှိ၊ အရာခံတွေနဲ့ အမျိုးသမီးတပ်ရင်းက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေရဲ့ အောင်မြင်မှု၊ ခွန်အားနဲ့ ကြံကြံခိုင်နိုင်မှုတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့"အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။