ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။

ဒိုက်ဦးအကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသူ ၁၃ယောက်ကို အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူး ဒေါ်ဇာဇာမင်းဆိုသူက သူ့ကို ပြ​​န်ခံပြောတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာပြပြီး ၂ ပတ်ကြာ တိုက်ပိတ်ထား​တာဖြစ်ကြောင်း မဇူးဇူးမေယွန်းက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဥ်းသူတွေအတွက် ဆေးဝါးစီစဥ်ပေးရာမှာ ပါရာစီတမော့ ကိုပင် သေချာမပေးနိုင်တဲ့အထိ အကျဥ်း ဆေးဝါးထောက်ပံ့မှုဆိုးရွားနေကြောင်းနဲ့  အာဏာပိုင်တွေရဲ့ မချေမငံပြောဆိုဆက်ဆံမှုတွေကို နိုင်ငံရေးအကျဥ်းသူတွေဟာ နေ့စဥ်နဲ့အမျှ ကြုံတွေ့ ခံစားနေရကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (Women’s Organization Of Political Prisoners-WOPP) က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ရဲ့မှတ်တမ်းဓာတ်ပုံတစ်ခု

ဒိုက်ဦးအကျဥ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဥ်းသူတွေကို ၂ပတ်တာ တိုက်ပိတ်ကြောင်းပြောဆိုထားပေမယ့် ၂ပတ်ကျော်လာတဲ့အချိန်အထိတော့ အမျိုးသမီးအဆောင်ဆီ ပြန်ပြီး မပြောင်းရွှေ့ပေးသေးဘူးလို့လည်း သိရပါတယ်။

“လက်ရှိမှာ အမျိုးသမီးဆောင်ကို ပြန်လည်နေရာချထားခြင်းမရှိသေးဘူးလို့ ကြားသိရပါတယ်။ ဒီထောင်အာဏာပိုင်တွေဟာ အာဏာသိမ်းပြီးကတည်းက အထဲရောက်လာတဲ့ နိုင်ငံရေးသမားတွေကို ရိုက်နှက်တယ်၊ ထောင်ပြောင်းတယ်။ ဆေးဝါးကအစ လုံလုံလောက်လောက် မရပါဘူး။ တချို့နိုင်ကျဥ်းတွေဆို အရေးပေါ်ဆေးကုသခွင့်တွေ မရရှိကြပါဘူး” လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (Women’s Organization Of Political Prisoners-WOPP) အနေနဲ့လည်း အကျဥ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ခက်ခက်ခဲခဲဖော်ထုတ်ရင်း ဆက်လက် မဖြစ်ပွားစေဖို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဥ်တွေကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဒဂုံမြို့နယ် ၂၉ရပ်ကွက် အားကစားခန်းမ စစ်တပ်ဂိတ်ကို ပ​ကဖတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်သားတွေ တပ်စွဲထားတဲ့ ၂၉ရပ်ကွက်၊ အားကစားခန်းမ စစ်တပ်ဂိတ်ကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။