နိုင်ငံတစ်ဝန်းမှာ  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  

ဒီနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်တာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စတင်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူတို့လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေများပြားလာတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မကြာခဏ ငြိမ်းချမ်းရေးစကားတွေ ပြောဆိုလျက်ရှိပါတယ်။ 

လူ့စွမ်းအားအရင်းအမြစ်တွေ အဓိပ္ပာယ်မဲ့ပြုန်းတီးနေရပြီး နိုင်ငံရဲ့အင်အား လျော့နည်းလာတာကြောင့်  တည်ငြိမ်းချမ်းရေးနဲ့ ထာ၀ရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာမှာ လေးလေးနက်နက် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်းလိုတယ်လို့ မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြရေးသားထားပါတယ်။

မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာဟာ ယုံကြည်ချက်အရ စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ နေရာအသီးသီး ရောက်ရှိနေတဲ့ လူငယ်တွေကို ရည်ရွယ်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်တွေ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးဟာ အသိပညာ၊ အတတ်ပညာ ထူးချွန်ဖို့လိုအပ်တယ်လို့လည်း   မင်းအောင်လှိုင်ကဆိုပါတယ်။

မြေပြင်မှာတော့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက လူငယ်လူရွယ်တွေကို ဖိနှိပ်ပြီး ပြည်ပထွက်ခွါခွင့်တွေ ပိတ်ပင်ကာ အတင်းအကြပ် စစ်မှုထမ်း စေခိုင်းဖို့ကို အပြင်းအထန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပဋိပက္ခတွေအတွင်း အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အတွက် တိုင်းရင်းသားပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပြီး နိုင်ငံတိုးတက်ရေးအတွက် အရေးပါတဲ့  လူ့စွမ်းအားအရင်းအမြစ်တွေ အဓိပ္ပာယ်မဲ့ပြုန်းတီး နေရတယ်လို့လည်း လေကြောင်းဗုံးကြဲမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်က ဆိုပါတယ်။ 

မင်းအောင်လှိုင်ဟာ ပါးစပ်က ငြိမ်းချမ်းရေးစကားတွေ ဆက်တိုက်ပြောကြားနေပေမယ့်  သူ့ရဲ့စစ်တပ်ကတော့ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးမြို့နယ်တွင်းက စစ်ကောင်စီတပ် ကာကင်းစခန်းကို တိုက်ခိုက်ဖျက်ဆီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
Read More

အချုပ်သားများကို လောင်းလုံး ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။