ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလို့ ဒေသခံပအိုဝ်းပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းပြည်သူလွတ်မြောက်ရေးတပ်မတော် – PNLA က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၆ ရက် နေ့လည်ပိုင်းမှာ ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာနေ တောင်ယာလုပ်ကိုင်သူ လင်မယား ၂ ယောက် တောင်ယာစပါးသယ်ပြီး ပြန်လာချိန် လွယ်ချယ် – တပူးထိုရွာလမ်းခွဲအနီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ PNLA က ဆိုပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ပအိုဝ်းဒေသနဲ့ ပအိုဝ်းပြည်သူတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေယာဥ်တွေနဲ့ ပစ်ခတ် ဖျက်ဆီး သတ်ဖြတ်နေတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈)မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်ခဲ့တဲ့ တောကျီးကန်း (၇) ကောင်စစ်ကြောင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တောကျီးကန်း (၇) ကောင်စစ်ကြောင်းက မျိုးဆက်သစ် ရဲဘော်တွေ တက်ရောက်ပြီး စစ်ပညာသင်ယူခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အဆိုပါသင်တန်းကာလ ၄ လတာ ပြီးဆုံးခဲ့ပြီးနောက် သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲပါ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနှစ်ဆန်း (၁)ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။