အကြမ်းဖက် စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်းတရားရုံးလို့ အများသိကြတဲ့ စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီ အဖွဲ့ဝင် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို ပုဒ်မ ၅၀၅ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ Shwe Pyi Thar Strike Committee က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အင်းစိန် အကျဉ်းထောင်အတွင်း မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ ရွှေပြည်သာသပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အကျဥ်းထောင်အတွင်းရှိ စစ်ခုံရုံးက ဖေဖော်ဝါရီလ ၆ ရက် မနက်ပိုင်းမှာ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီနဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းဖော်ဆောင်မှုမှာ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ ပါဝင်လှုပ်ရှားခဲ့တာပါ။

အဲ့ဒီနေ့ ညပိုင်းအချိန်မှာ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ဟာ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်ရှိ Motel တစ်ခုမှာ ဝင်ရောက်နားခိုနေချိန် ဧည့်စာရင်းအကြောင်းပြကာ အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အကြမ်းမဖက် လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီက မတရားဖိနှိပ်ဖမ်းဆီးပြီး အကျဉ်းချခဲ့ပေမယ့် ရွှေပြည်သာသပိတ်ကော်မတီရဲ့ တော်လှန်လူငယ်တွေက အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တွန်းလှန်တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံနှင့် ညောင်ရွှေအစပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်မှူးအပါ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၁၀၀၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် မုတ်စီရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီး

“လက်ရှိ ရေဦး ဂါဝီပန်းခြံဘက်မှာ စစ်ခွေးတွေက ကား၃စီးနဲ့ ခြေရှုပ်နေကြတယ်။ မုတ်စီရွာကို အကြောင်းမဲ့သက်သက် ဘာတိုက်ပွဲမှမဖြစ်ရဘဲ နေအိမ်တွေကို မီးလာရှို့တာပါပဲ။ ရိက္ခာရှာဖို့ ပေါ်တာဆွဲဖို့ သီးသန့်ထွက်လာရင်း မီးရှို့တယ်လို့ ခန့်မှန်းရပါတယ်။ မုတ်စီကို မီးရှို့ခဲ့တဲ့ စခတွေကတော့ ရေဦးထဲ ပြန်ဝင်သွားပါပြီ။ နေအိမ်တစ်လုံးပါသွားပါတယ်။“ လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 
Read More

စက်ဘီးဖြင့် စစ်ရှောင်ထွက်ပြေးသည့် သားအမိကို စစ်တပ် ဗုံးလိုက်ကြဲ၊ သားအမိ ၂ ဦးလုံး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ရှောင်ထွက်ပြေးတဲ့ သားအမိ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ လိုက်လံဗုံးကြဲလို့ ၂ ယောက်လုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံက သိရပါတယ်။
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။