ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတည်းမှာတင် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူ၁၈၀ ကျော်အထိရှိခဲ့တာဖြစ်ပါတယ်။

ကလေးမြို့မှာ မြို့ပြလူနေရပ်ကွက်များသာမက ဘာသာရေးအဆောက်အုံ ပရဝုဏ်များအထိပါ လူ ငယ်များကို အကြောင်းမဲ့ဖမ်းဆီးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ုစစ်မှုထမ်းအပတ်စဉ် ၆ အတွက် ၄၅ ဦး ဖမ်းဆီးခံရပြီး ချင်းပြည်နယ်ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ အပတ်စဉ် ၇ အတွက်လည်း လူငယ် ၅၀ ဦး ဖမ်းဆီးခံရပြီး ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်သို့ဆောင်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၉အတွက် ကလေးမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း လူငယ် ၄၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစု အချို့က ထုတ်ပြန်ပါတယ်။

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။
Read More

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ တနင်္သာရီတိုင်း PDF တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေး၊ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ရာ PDF တွေနား ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိ

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နဲ့ ရေးဖြူမြို့နယ်အကြား ရေပုံးရွာထိပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေးခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ် ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊  ဘုရားတံတိုင်းနှင့် အဆောက်အအုံများ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။