မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နဲ့ မင်းဘူးမြို့နယ်အတွင်းက ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။

ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ဇန်နဝါရီ ၃၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ဖေဖော်ဝါရီ ၁ ရက်မှာလည်း မင်းဘူးမြို့နယ် လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ ရဲစခန်းဆီ စစ်ကူပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားထိခိုက်သေဆုံးပြီး မဲဇလီကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်ပတောကျေးရွာပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေ ပစ်ခတ်တာ၊ ရွာအတွင်း အကြမ်းဖက်စစ်သားတွေက အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ မင်းဘူးခရိုင်တပ်ရင်း ၆၊ တပ်ရင်း ၄ ၊ JOKER ပြောက်ကျားတပ်ဖွဲ့ (MYG) ၊ Young Force People Defence Force(PKU) ၊ စေတုတ္တရာ ပအဖ နဲ့ Earthquake People’s Defence Force တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီမော့ဆိုမြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ယောက် ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ‌ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းထိ  လေကြောင်းကနေ ဗုံး ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် စိန်ပးန်ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA နှင့်အတူ စစ်ဆင်ရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗမာ့တပ်တော်ထုတ်ပြန် (ရုပ်/သံ)

ကချင်ဒေသအတွင်း KIA နဲ့ အတူ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဗမာ့တပ်တော်ရဲဘော်တွေရဲ့  စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့မှု Generation Z Power ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် လေကြောင်းက ချပေးတဲ့ ခဲယမ်းတချို့ နဂါးနီစစ်ကြောင်းရရှိ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ချပေးတဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။