မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) နဲ့ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၂ / ၄ / ၁၀) တပ်ရင်းဆီ  ထီးလင်းမြို့၊ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားက ‌MA 2 (၁)လက်၊ MA ကျည်ဘောက် (၄)ဘောက် ၊ 5.56 ကျည် (၁၂၀) တောင့်နဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၅၀) ကျပ်တိတိ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

CDM လုပ်ရင် ကာကွယ်ရေးတပ်ဖွဲ့တွေက သတ်ဖြတ်မယ်လို့ စစ်ကောင်စီ အရာရှိတွေရဲ့ မှိုင်းတိုက် အယုံသွင်းမှုခံနေရတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံဖို့ ယောဗျူဟာက ဖိတ်ခေါ်ထားပါတယ်။

လက်နက်နဲ့အတူ  ပြည်သူ့ရင်ခွင် ခိုလှုံလာမယ်ဆိုရင်လည်း ထိုက်တန်တဲ့ ဂုဏ်ပြုငွေ ချီးမြှင့်ပေးသွားမှာဖြစ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားရှိမယ်လို့ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဖိဟု ကျားဖြန့်တိုက်ဖျက်ရေး ဟန်ပြလုပ်နေသည့် စစ်အုပ်စု ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းရာ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ်လက်နက်ကြီး နေအိမ်ပေါ် ကျရောက်မှုကြောင့် အဖေ၊ အမေနှင့် အဘွား သေဆုံးပြီး ကလေးများ ဒဏ်ရာရ ကျန်ရစ်ခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိ…

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ထားပါတယ်။