စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်  တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စုအသစ် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ လက်နက်ကိုင်တွေအားလုံး ပါဝင်ပြီး ဖက်ဒရယ်နိုင်ငံအသစ်ကို တည်ဆောက်ကြဖို့ NUG က ဆိုပါတယ်။

NUG က ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်ပြည့် ရှမ်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာကတဆင့် အခုလို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရှမ်းအမျိုးသားနေ့ဟာ ရှမ်းပြည်နယ်အတွင်းက စော် ဘွားတွေနဲ့ ပြည်သူလူထုကိုယ်စားလှယ်တွေအကြား ယုံကြည်မှု၊ စည်းလုံးမှုနဲ့ အတူတကွ ညီညွတ်စွာ ယှဉ်တွဲနေထိုင်နိုင်ခြင်းစတဲ့ အမျိုးသားရေး အမှတ်လက္ခဏာ ပြည့်ဝစွာ ကျင်းပလာခဲ့ရာ (၇၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG က ပြောပါတယ်။

ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ ပင်လုံစာချုပ်ပါ သဘောတူညီချက်ဖြစ်တဲ့ ပြည်ထောင်စုအတွင်း အဖွဲ့ဝင် ပြည်နယ်တွေအားလုံး (ဝါ) တောင်တန်းဒေသတွေမှာ ဒီမိုကရေစီစနစ် ကျင့်သုံးရမယ် ဆိုတဲ့ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖျက်ခဲ့တယ်လို့ NUG က ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေဟာ  ရှမ်းပြည်အတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့တစ်မျိုးကြားမှာ ပဋိပက္ခတွေဖန်တီးပြီး သပ်လျှိုသွေးခွဲတဲ့ဗျူဟာကို ကျင့်သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ခေတ်အဆက်ဆက် ရှမ်းတိုင်းရင်းသားခေါင်းဆာင်တွေနဲ့  လက်ရှိနွေဦးတော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး စတေးပြီး ပေးဆပ်ခဲ့တဲ့ ရှမ်းအမျိုးသားသူရဲကောင်းအပေါင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက လေးမြတ်စွာ ဂုဏ်ပြုဦးညွတ် မှတ်တမ်းတင်ထားမယ့်အကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပင်လုံစာချုပ်ကို  အခြေခံတဲ့၊ လွတ်လပ်သော၊ တရားမျှတသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော၊ မတူကွဲပြားမှုတွေကို တန်းတူရည်တူ အပြန်အလှန် လေးစားမှုရှိသော၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ဖို့လည်း ရှမ်းတိုင်းရင်းသားအဖွဲ့တွေအားလုံးကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ၏ သဝဏ်လွှာ
NUG ၏ သဝဏ်လွှာ
0 Shares:
You May Also Like
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်စိမ်းမြေ ဖားကန့်ကို KIA စတင်ထိုးစစ်ဆင်နေလို့ ဒေသခံအချို့ စတင်စစ်ရှောင်

ကချင်ပြည်နယ်က ကျောက်စိမ်းမြေ ဖားကန့်ဒေသမှာ သောင်းနဲ့ချီတဲ့ မြို့ခံတွေဟာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ကို စတင်စွန့်ခွါလာပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။