ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ရက်၊ မနေ့က မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို  မြေပြင်အသာစီးရယူကာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာ ဂိတ်စခန်းချတပ်စွဲနေတာဖြစ်ပြီး ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ပဲခူးရိုးမ၊ ချောင်းဂေါင်းအုပ်စု၊ စင်မြင့်ကျေးရွာကို အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ သိရပါတယ်။

သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်များ တိုက်ခိုက်နေစဉ်

“ထန်းပင်ကုန်းရွာ ဂိတ်ကနေ ရိုးမထဲကို စစ်ကြောင်းထိုးလာတာ စင်မြင့်ရွာနားအရောက်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲက နာရီဝက်လောက်ကြာပါတယ်။ စခဘက်က လက်နက်ကြီးရော စက်လက်နဲ့ တရစပ်ပစ်တာ။ ဒါပေမယ့် ကျနော်တို့ဘက်က နယ်မြေအနေအထား အားသာချက်ရော အမြင့်ကဖြစ်နေတာရောကြောင့် အထိအခိုက်မရှိခဲ့ပါဘူး။” လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ၆ယောက်သေကာ ၁၅ယောက် ထိခိုက်ခဲ့သလို ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလိုအထိနာသွားတဲ့ စစ်ကောင်စီတပ်တွေက  ပြည်သူပိုင်ကား၂စီးကို ချောဆွဲကာ ထန်းပင်ကုန်းရွာဘက်ကနေ ​ထပ်မံရောက်ရှိလာပြီး စင်မြင့်ရွာကို ဝင်ရောက်မီးရှို့ကာ သေဆုံးဒဏ်ရာရအလောင်းတွေကို ပြန်လည်သယ်ထုတ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ရှောင်နေတဲ့ အရပ်သားနေအိမ် ၁၆လုံး မီးလောက်ပျက်စီးသွားခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအခြေအနေတွေအရ ပဲခူးရိုးမအတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် အရပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးခံရတာ၊ ကားတွေချောဆွဲခံရတာမျိုးမရှိအောင် ပြည်သူတွေ သတိပြုနေထိုင်သင့်တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅က ထုတ်ပြန်ထားပါတယ်။

သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်
0 Shares:
You May Also Like
Read More

Burma Revolution Rangers ထံ ပခုက္ကူအခြေစိုက် တပ်ရင်းများမှ စစ်သားအယောက် ၃၀ နီးပါး အလင်းဝင်ရောက်ထား၊ အများစုက စစ်မှုထမ်းများ ဖြစ်

စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးချိန်က စလို့ ဒီကနေ့အထိ Burma Revolution Rangers တပ်ဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး အလင်းဝင်ခိုလှုံထားကြောင်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပြည်သူကို ဗဟိုပြု တော်လှန်လူထု လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်အခြေစိုက် တော်လှန်လူငယ်တွေက “'ပြည်သူကိုဗဟိုပြု တော်လှန်လူထု” ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။