တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထပ်မံ ခွဲစိတ်မှု ပြုလုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ Ta’ang Women’s Organization က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်က တိုက်ပွဲမဖြစ်ပွါးဘဲ စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးရုံးကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးတစ်ယောက် သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဒဏ်ရာရရှိတဲ့ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်ဟာ ညာခြေထောက် ဒူးအောက်ပိုင်း အရိုးကျိုးပြီး အသားတွေလည်း ကြွေမွသွားတာကြောင့် လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးကို လေယာဉ်နဲ့ သုံးခါလာပစ်ချသွားတာ၊ ဒုတိယတစ်ခေါက်မှာ သူက ဗုံးစမှန်သွားတယ်၊ နောက်အမျိုးသမီး တစ်ယောက်လည်း ထိတယ်၊ သူကတော့ သေသွားတယ်၊ ဈေးသိမ်းနေတဲ့အချိန်ဆိုတော့ လူကသိပ်မများတော့ဘူး၊ ပြန်တဲ့သူလည်း ပြန်ကုန်ကြတယ်လေ”လို့ ဒဏ်ရာရ အမျိုးသမီးငယ်ရဲ့ မိသားစုဝင် တစ်ယောက်က တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပြကြောင်း ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ထိခိုက်မှုစာရင်း အသေးစိတ်ရရှိဖို့အတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Ta’ang Women’s Organization)
(ဓာတ်ပုံ Ta’ang Women’s Organization)
0 Shares:
You May Also Like
Read More

မူးမြို့နယ်တွင် စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် (၆) နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

နှစ်ကူးလွတ်ငြိမ်းခွင့်မှာ ကနဦးအတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

မြန်မာနှစ်ကူးဖြစ်တဲ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက် ပါဝင်လာကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က‌ ကနဦး အတည်ပြု ထုတ်ပြန်လာပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။