ပြောင်းဖူးတင် ထရပ်ကားထဲမှာ ပုန်းအောင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေ တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၈ ယောက်လုံးကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ မဲဆောက်ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်ရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသား၊ အမျိုးသမီးအများအပြား နိုင်ငံပြင်ပကို နည်းလမ်းပေါင်းစုံသုံးပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၉ ယောက်နဲ့ လက်နက်အချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် ဟားခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Ruavazung တပ်စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲချမှုကြောင့် နေအိမ် ၁ လုံးမီးလောင်ပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အပိုင် လှေဆွဲမြောင်းကျေးရွာကို မတ်လ ၂၆ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တဲ့ PDF ရဲဘော်တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်‌ရေးတွေ ဖော်ဆောင်ခဲ့တဲ့ BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေကို ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေဟာ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာ စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးရဲကင်းစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း  စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့သလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က ပြည်သူ့စစ်များကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း အလင်းဝင် ပြည်သူ့စစ် ပြော (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်တွေကို လူသားဒိုင်ကာအဖြစ် တိုက်ပွဲတွေမှာ အသုံးပြုနေတယ်လို့ ခလရ ၆၀ (ကျောက်ကြီး) မှ လက်နက်မဲ့ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ် ကိုဇော်မင်းခိုင်ရဲ့ ပြောကြားချက်ကို ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 က ထုတ်ပြန်ပါတယ်။