ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ အဆိုပါစစ်ကောင်စီတပ်သားက MA-11 အမျိုးအစားသေနတ် ၁ လက်နဲ့ ကျည်ဘောက် ၃ ခု ယူဆောင်လာကာ KNDF တပ်ရင်း ၉ ဆီ အလင်းဝင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဆီက ခက်ခက်ခဲခဲ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူဟာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မဲပေါက်ပြီး စစ်ကောင်စီရဲ့ အပတ်စဥ်(၁) စစ်သင်တန်းဆီ အတင်းအဓမ္မပို့ဆောင်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်သင်တန်းပြီးတဲ့နောက် ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) လက်အောက်ခံတပ်ရင်းရဲ့ တပ်သားအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လမှာ ကရင်နီပြည်နယ်ကို စတင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်ထဲပို့ခံရတာ၊ အာဏာရှင်အတွက် ပြည်သူအချင်းချင်း အဓိပ္ပါယ်မဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုလိုတာနဲ့ သာမန်လူတစ်ယောက်လိုသာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပြီး ဘဝကို ဖြတ်သန်းချင်တာတို့ကြောင့် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်သား ၄ ယောက်က သေနတ် ၃ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံခဲ့ပြီး ၃ လအတွင်း စုစုပေါင်း တပ်သား ၅ ယောက် KNDF တပ်ရင်း ၉ ဆီ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

KNDF တပ်ရင်း ၉ အနေနဲ့ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားတွေအတွက် လိုအပ်တဲ့အကူအညီအချို့ကို ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာနေရာတွေဆီ ပို့ဆောင်ကာ လုံခြုံတဲ့နေရာမှာ ထားရှိပြီး​​ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ တပ်သားတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီ ဘက်ပြောင်းခိုလှုံကြဖို့ KNDF တပ်ရင်း ၉ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNDF ဥက္ကဋ္ဌနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်း ၂၂ က ရဲဘော်တွေ တက်ရောက် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်းအမှတ် (၂၂) ရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ထိခိုက်ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

မင်းလှတွင် စစ်တပ်သတင်း​ပေး ပျူစောထီးကိုသွားရောက်ပစ်ခတ်ရှင်းလင်း၊ ပျူစောထီး လွတ်မြောက်သွားပြီး ပြန်လည်ခုခံသည့် ဇနီးဖြစ်သူကို ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပျူစောထီး ၁ယောက်ကို နေအိမ်အထိ သွားရောက်ရှင်းလင်းရာ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ပျူစောထီးရဲ့ အမျိုးသမီးဖြစ်သူကိုပဲ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူအပေါ် မောက်မာရိုင်းစိုင်းတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ ရုပ်အလောင်းအား ယနေ့မနက် သင်္ဂြိုဟ်မည်

အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်ရဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ခံစားရင်း ကွယ်လွန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ဒီနေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများကို ကနီနှင့် မင်းကင်းကြားတွင် တော်လှန်ရေးတပ်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ထံက သိရပါတယ်။