မြန်မာနိုင်ငံက အရပ်သားပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဟာ စစ်ကောင်စီထံ တစ်ကမ္ဘာလုံးက လေယာဉ်ဆီရောင်းချနေမှုကို ဟန့်တားဖြတ်တောက်ပိတ်ဆို့ဖို့ ဖြစ်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ မြန်မာပြည်သူလူထု နေ့စဉ် အသက်ဆုံးရှုံးနေရမှုကို ကယ်တင်သင့်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ ၂၀၂၅ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားလိုက်တာပါ။

လက်ရှိအချိန်အထိ စစ်ကောင်စီထံ စီးဆင်းနေတဲ့ လေယာဉ်ဆီတွေကို နိုင်ငံတကာက သိလျက်နဲ့ အချိန်မီဖြတ်တောက်နိုင်ခြင်း မရှိလို့ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ ပိုမိုသက်ဆိုးရှည်နေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခွင့်ရနေတာဖြစ်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကြောင့် လက်ရှိ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအပေါ် သက်ရောက်မှုနဲ့ အန္တရာယ်တို့ဟာ မှန်းဆလို့ပင် မရတော့ဘူးလို့ သံအမတ်ကြီးက နိုင်ငံတကာကို ကုလစင်မြင့်ကတဆင့် အသိပေး ပြောဆိုပါတယ်။

အထူးသဖြင့်  စစ်တပ်ထံ ဂျက်လေယာဉ်ဆီတွေစီးဆင်းမှုဖြတ်တောက်ဖို့၊ ပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကူညီပေးကြဖို့  နိုင်ငံတကာနဲ့ကုလသမဂ္ဂ အေဂျင်စီတွေကို သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

စစ်တပ်ထံ ဂျက်လေယာဉ်ဆီ ရောင်းချနေတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို စောင့်ကြည့်ဖော်ထုတ်ပြီး ဆက်စပ်အရေးယူမှုတွေ ပြုလုပ်မှသာ မြန်မာပြည်ရဲ့  အာဏာသိမ်းစစ်တပ်ကို အထိနာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထံ လေယာဉ်ဆီ မရောင်းချရေး နှိုးဆော်မှုတွေကို စစ်အာဏာသိမ်းမှု စတင်စဉ်ကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး လေယာဉ်ဆီ ကုန်သွယ်ရောင်းချနေတဲ့ အဖွဲ့အစည်းတွေကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။

ကုလအပါအ၀င် အနောက်နိုင်ငံတချို့ကလည်း စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေမှုကို တရားဝင် ပိတ်ပင်ထားပြီး နိုင်ငံတချို့က စစ်ကောင်စီထံ နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးအသုံးချကာ လေယာဉ်ဆီတွေကို ရောင်းချနေတယ်လို့ မြန်မာ့အရေးလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်ထားကြပါတယ်။

0 Shares:
You May Also Like
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

ပြည်တွင်းရေးစွက်ဖက်မှုအတွက် တရုတ်ကို သပိတ်မှောက်ဆန့်ကျင်ရေးတွေ ပြုလုပ်နေကြ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို သဘောမကျတဲ့ မြန်မာပြည်သူတွေဟာ ဖက်စစ်တော်လှန် တရုတ်ကိုအန်တု ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အီရန်စစ်ဦးစီးချုပ်သစ် ထပ်မံလုပ်ကြံခံရမှုနှင့်အတူ အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုပြင်းထန်လာ၊ အပစ်အခတ်ရပ်ရုံမဟုတ်ဘဲ ပဋိပက္ခကို တကယ်အဆုံးသတ်ရမည်ဟု ထရမ့် ပြော

စစ်ရေးစစ်ရာ အပြိုင်အဆိုင်ပြင်းထန်နေကြတဲ့ အစ္စရေးနဲ့ အီရန်တို့အကြားက ပဋိပက္ခဟာ အရှိန်မြင့်တက်လာရာကနေ ပဉ္စမမြောက်နေ့မှာတော့ တိုက်ခိုက်မှုအသစ်တဖန် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 
Read More

ကူမင်းရောက်နေတဲ့ စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။