ပဲခူးတိုင်း၊ အုတ်ဖိုမြို့က လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပါဝင်ကူညီနေတဲ့ စစ်မှုထမ်းဟောင်းရုံးကို အဝေးမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းထံက သိရပါတယ်။ 

ဖေဖော်ဝါရီခ ၅ရက် မနေ့က မနက်အစောပိုင်း တိုက်ခိုက်ခဲ့တဲ့ အဲဒီစစ်မှုထမ်းဟောင်းရုံးဟာ အုတ်ဖိုမြို့မရဲစခန်းနဲ့ ဘေးချင်းကပ်လျက်မှာ တည်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လက်နက်ကိုင် စစ်ကောင်စီတပ်သားတွေ အမြဲတစေ ရှိနေတဲ့ ရုံးဖြစ်တယ်လို့ သိရပါတယ်။ 

“စစ်မှုထမ်း အင်အားကတော့ စစ်မှုထမ်းကားသမားအပါအဝင် ၇ယောက်အမြဲ ရှိပါတယ်၊ ရဲစခန်းနားဆိုတော့ ရဲတွေလည်း လာတတ်တယ်၊ မိုင်းက ကြိုထောင်ထားတာပါ” လို့ ရွှေဂဠုန်စစ်ကြောင်းတာဝန်ခံ  ဂျာနူးက မောင်းကို ပြောပါတယ်။ 

မိုင်းဖောက်ခွဲပြီးတဲ့နောက် ရဲတပ်သားတွေနဲ့ စစ်သားအင်အား အများအပြား၊ ခန့်မှန်းအားဖြင့် ၄၀ နီးပါးရောက်ရှိလာကာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို အုတ်ဖို ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ 

တာဝန်ခံ ဂျာနူးက “သေတာက တစ်ယောက်ပေါ့နော်၊ ထိခိုက်တာကတော့ ရုံးထဲရှိနေသူ အကုန်ထိခိုက်နိုင်ပါတယ်၊ ဒဏ်ရာ အနည်းနဲ့အများပဲ ကွာမှာပါ၊ မိုင်းကွဲပြီးတာနဲ့ စစ်သား၊ ရဲ မြို့စောင့်အင်အား အကုန်နီးပါး အံ့သြ ကြောက်လန့်ပြီး ၄၀ နီးပါး ရောက်လာကြပါတယ်၊ ပိတ်ဆို့ထားတဲ့ဂိတ်တွေတောင် ဒီတိုင်းထားခဲ့ကြတာ၊ ကျနော်တို့ ရဲဘော်တွေ ပြန်ဆုတ်ဖို့  အသာဖြတ်ခွင့်ရခဲ့ပါတယ်” လို့ ဆိုပါတယ်။ 

စစ်မှုထမ်းဟောင်းရုံးဟာ အုတ်ဖိုမြို့မ ရဲစခန်းနဲ့ ဘေးချင်းကပ်အပြင် မြို့လယ်နေရာမှာ တည်ရှိတာကြောင့် အခုလို ရုံးကို မိုင်းခွဲခံရတဲ့အပေါ် စစ်ကောင်စီဘက်က သူတို့ရဲ့ ရဲနဲ့ တပ်သားတွေကို နေရာပြောင်းရွှေ့တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒီစစ်ဆင်ရေးဟာ “၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်” အဖြစ် ဂုဏ်ပြုဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးနာမည်ကိုလည်း “ကဖူဂနောင် စစ်ဆင်ရေး” လို့ အမည်ပေးထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ် သံဘိုရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တွင် စစ်အုပ်စုနှင့် အပေါင်းအပါများ လမ်းပေါ် ထိုးကြိတ်ဖမ်းခေါ်သည်အထိ ပေါ်တာဆွဲမှုများ ဆိုးရွားလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကိုပြောပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ အနီးနားက ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်နေလို့ စစ်ကောင်စီ ဗုံးကြဲတာဖြစ်ကြောင်း သတင်းထွက်နေမှုအပေါ် TNLA ငြင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရတာဟာ တအာင်းတပ်မတော် TNLA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်ရှိနေတာကြောင့် စစ်တပ်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေမှုအပေါ် TNLA က ငြင်းဆိုလိုက်ပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။