ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။

ရခိုင်တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ထားရှိရာ မြောက်ဦးပြတိုက်ကို စစ်ကောင်စီ တိုက်ခိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြင်းထန်စွာရှုံ့ချသလို အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြောက်ဦးယဉ်ကျေးမှုဒေသကိို ကမ္ဘာ့ (World Heritage) စာရင်းဝင်ဖို့ အဆိုပြုထားပေမယ့် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ကို AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေချိန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနဲ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှာ မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

(ဓာတ်ပုံ Golden Era Media)

0 Shares:
You May Also Like
Read More

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေ ပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီလ (၁၂) ရက်မှာ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 
Read More

AA ထိန်းချုပ်ရာ သံတွဲမြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၅ ဦး ဒဏ်ရာရ

ါးနေသလိ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ကလေးအပါအဝင် ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သည့် အခမ်းအနား

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို (၁၆)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်း ဆုပေးပွဲအခမ်းအနားကို မေလ (၂၄) ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

လေဖိအားနည်းကနေ မုန်တိုင်းအဖြစ် အသွင်ပြောင်းလာနိုင်တာကြောင့် ရက်ပိုင်းအတွင်း မိုးကြီးလေပြင်းတိုက်မှုတွေ ရှိနိုင်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းကြောင့်ရန်ကုန်အပါအဝင်ပြည်နယ်နဲ့တိုင်းတချို့မှာမိုးကြီးပြီးရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုနေထိုင်ကြဖို့အရပ်ဖက်မိုးလေဝသပညာရှင်တွေကသတိပေးပြောကြားထားပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။