ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ (P27001) -Spring Warriors Column က ဇန်နဝါရီ ၁ လအတွင်း ညောင်လေးပင်ခရိုင်မှာ မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း‌၊ ညောင်လေးပင်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဆွဲရာနေရာတွေကို ဇန်နဝါရီလအတွင်း မြေပြင်စစ်ဆင်ရေး ၂ ကြိမ်နဲ့ Drone စစ်ဆင်ရေး ၇ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Drone စစ်ဆင်ရေးတွေမှာ ဖာပွန်ခရိုင်တပ်ရင်း ၁ ရဲ့ Drone တပ်သားတွေက ၁၈၀၅ Drone တပ်ဖွဲ့တို့နဲ့ ပူးပေါင်းဆင်နွှဲတိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ဗုံးသီး အလုံး ၂၀ ဝန်းကျင်နဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်တပ်ရင်း ၁ ရဲ့ မြေပြင်နဲ့ Drone စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးရဲဘော် (၁) ယောက် မိုင်းထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ Loikaw Local PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ လွိုင်ကော် မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

ဆန္ဒပြလူအုပ်ကို ကာကွယ်ပေးကာ အကြမ်းမဖက်ရန် တားဆီးမှုကြောင့် ထောင်ကျခံခဲ့ရသည့် ရေပူဆရာတော် ပျံလွန်တော်မူ

နွေဦးတော်လှန်ရေးအစမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ကာကွယ်ပေးခဲ့တဲ့ မိုးကုတ်မြို့က ရေပူဆရာတော် ဥူးဣန္ဒဟာ နိုဝင်ဘာ ၃ ရက် မနေ့ညက ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါ စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်၊ အရာခံဗိုလ်အပါ စစ်သား ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါအဝင် စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာခံဗိုလ်အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးရုံး ထိမှန်ပျက်စီး 

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။