ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ အဆိုပါစစ်ကောင်စီတပ်သားက MA-11 အမျိုးအစားသေနတ် ၁ လက်နဲ့ ကျည်ဘောက် ၃ ခု ယူဆောင်လာကာ KNDF တပ်ရင်း ၉ ဆီ အလင်းဝင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဆီက ခက်ခက်ခဲခဲ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူဟာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မဲပေါက်ပြီး စစ်ကောင်စီရဲ့ အပတ်စဥ်(၁) စစ်သင်တန်းဆီ အတင်းအဓမ္မပို့ဆောင်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်သင်တန်းပြီးတဲ့နောက် ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) လက်အောက်ခံတပ်ရင်းရဲ့ တပ်သားအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လမှာ ကရင်နီပြည်နယ်ကို စတင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်ထဲပို့ခံရတာ၊ အာဏာရှင်အတွက် ပြည်သူအချင်းချင်း အဓိပ္ပါယ်မဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုလိုတာနဲ့ သာမန်လူတစ်ယောက်လိုသာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပြီး ဘဝကို ဖြတ်သန်းချင်တာတို့ကြောင့် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်သား ၄ ယောက်က သေနတ် ၃ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံခဲ့ပြီး ၃ လအတွင်း စုစုပေါင်း တပ်သား ၅ ယောက် KNDF တပ်ရင်း ၉ ဆီ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

KNDF တပ်ရင်း ၉ အနေနဲ့ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားတွေအတွက် လိုအပ်တဲ့အကူအညီအချို့ကို ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာနေရာတွေဆီ ပို့ဆောင်ကာ လုံခြုံတဲ့နေရာမှာ ထားရှိပြီး​​ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ တပ်သားတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီ ဘက်ပြောင်းခိုလှုံကြဖို့ KNDF တပ်ရင်း ၉ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် KIA/KPDF တို့ တိုက်ပွဲဖြစ်၊ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။