ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အကဲခတ်တွေရဲ့အဆိုအရ နှစ်စဉ်ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေတဲ့ ငွေလိမ်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသား အပါအဝင် နိုင်ငံခြားသားတွေကို ထိုင်းလို နိုင်ငံတွေကတဆင့် လိမ်လည်ခေါ်ဆောင်ရင်း ရာဇဝတ်မှုတွေကို အဓမ္မလုပ်အားပေး စေခိုင်းနေတာဖြစ်ပါတယ်။

ပတွန်တန်နဲ့ ပေကျင်းမှာ တွေ့ဆုံမှုအတွင်း ရှီက “အွန်လိုင်းလောင်းကစားနဲ့ ဖုန်းနဲ့အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ အားကောင်းတဲ့အစီအမံတွေကို ထိုင်းအနေနဲ့ ချမှတ်ခဲ့တဲ့အပေါ် တရုတ်အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း” ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံဌာနက ထုတ်လွှင့်ပါတယ်။

“ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို နှစ်ဖက်စလုံး အားကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားရမယ်” လို့ ရှီက ဆက်ပြောပါတယ်။

(ဓာတ်ပုံ REUTERS)

သူတို့နှစ်ဦး တွေ့ဆုံနေစဉ်မှာပဲ မြန်မာပြည်က ငွေလိမ်လုပ်ငန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၆၁ ယောက်ဟာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ တနာထစ်စဝမ်ဆမ်က AFP သတင်းဌာနကို ပြောပါတယ်။

“တရုတ် ၃၄ ယောက်လောက်ရှိတယ်။ ကျန်တာက အင်ဒိုနီးရှား၊ အီသီယိုးပီးယားနဲ့ တခြား အာဖရိကနိုင်ငံတွေက လာကြတယ်” လို့ သူက ဆိုပါတယ်။

ပတွန်တန်ကလည်း “ထိုင်းကိုလာတဲ့ လူတွေနဲ့ ခရီးသွားတွေရဲ့ လုံခြုံရေးဟာ အစိုးရရဲ့ အမြင့်ဆုံး ဦးစားပေးကိစ္စဖြစ်တယ်” လို့ ရှီကို အာမခံ ပြောဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် “ထိုင်းအနေနဲ့ ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းသွားလာနေတဲ့ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို စနစ်တကျသတိပေးဖို့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း” ပြောဆိုပြီး ငွေလိမ်လုပ်ငန်းကိစ္စကို “အမျိုးသားလုံခြုံရေးပြဿနာတစ်ရပ်” အဖြစ် ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ထိုင်းအာဏာပိုင်တွေဟာ လိမ်လည်လုပ်ငန်းတွေကို အရင်းအမြစ်တွေ ပိတ်ဆို့မယ်ဆိုပြီး သူတို့ကြီးစိုးတဲ့ မြန်မာနယ်စပ်ဒေသ နေရာ ၅ ခုကို လျှပ်စစ်ဓာတ်အားနဲ့ လောင်စာတွေ ဖြတ်တောက်ခဲ့ပါတယ်။

ကိုးကား – China’s Xi and Thailand’s leader vow to crack down on scam networks that plague Southeast Asia

0 Shares:
You May Also Like
Read More

တန်ဖိုးကြီး နာရီတွေ၊ အိတ်တွေအပါအဝင် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ပိုင်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။
Read More

ထိုင်းတွင် မြန်မာလုပ်သား လူငယ်တစ်ဦး ကြိတ်စက်ထဲ ပါသွားပြီး တစ်စစီဖြစ်ကာ အသက်ဆုံးရှုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

တော်လှန်ရေးအဖွဲ့များက ဆီးရီးယားမြို့တော်ကို သိမ်းပိုက်ပြီး အာဏာရှင် အာဆက်အစိုးရကို ဖြုတ်ချ

ဆီးရီးယားနိုင်ငံမှာ ဟားရက်သူပုန်အဖွဲ့ (HTS) တွေက ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ မြို့တော် ဒမတ်စ်ကပ်ကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးဆယ်ကြာ အာဏာရှင်အာဆက်အစိုးရပြုတ်ကျကာ သမ္မတ ဘာရှာအလ်အာဆက်လည်း နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။
Read More

ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအား CRPH ဥက္ကဋ္ဌ တက်ရောက်

ဒီဇင်ဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အောက်လွှတ်တော်မှာ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုကျို ဆန္ဒပြပွဲ ကိုထိန်လင်း ပူးပေါင်းပါဝင်

လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Read More

Kick ပလက်ဖောင်းပေါ် တက်လာသည့် စစ်အုပ်စု ဝါဒဖြန့်ချန်နယ်များ ၂၄ နာရီ မပြည့််မီ အရေးယူဖြုတ်ချခံရ

ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Kick နည်းပညာ ကုမ္ပဏီဟာ  မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ စတင်ထုတ်လွှင့်ပြီး ၂၄ နာရီ မပြည့်ခင်အချိန်မှာပဲ အမြန်ဆုံး ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။