ချင်းပြည်နယ်အခြေစိုက် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းအတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) စတင်တော့မှာ ဖြစ်တာကြောင့် စစ်အာဏာရှင်ကို ရွံမုန်းကာ ဖက်ဒရယ် ဒီမိုကရေစီကို လိုလားတဲ့ လူမျိုးဘာသာမရွေး လာရောက်ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

လာရောက်လျှောက်ထားချင်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ရှိဖို့လိုပြီး အခြေခံစစ်ပညာသင်တန်း ၃ လ တက်ရောက်ကာ အနည်းဆုံး ၄ နှစ်ကနေ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နိုင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်တန်းဆင်းရဲဘော်တွေအနေနဲ့ ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပြီး ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်ရမယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။

ACDF ၏ ထုတ်ပြန်ချက်
အပတ်စဉ် (၆) တက်ရောက်မယ့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က သင်တန်းသား၊ သင်တန်းသူများ (ဓာတ်ပုံ ACDF)
အပတ်စဉ် (၆) တက်ရောက်မယ့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က သင်တန်းသား၊ သင်တန်းသူများ (ဓာတ်ပုံ ACDF)
အပတ်စဉ် (၆) တက်ရောက်မယ့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က သင်တန်းသား၊ သင်တန်းသူများ (ဓာတ်ပုံ ACDF)
0 Shares:
You May Also Like
Read More

မန္တလေး ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခိုက်မှုများ ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ဓားပြတွေကြား ပစ်ခတ်မှုဖြစ်ပွားကာ လူထိခိုက်မှုတွေရှိခဲ့ကြောင်း Voice Of Mandalay နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပုဂံမြို့သစ်တွင် ဆက်ကြေးကောက်နေသည့် ပျူခေါင်းဆောင်နှင့် နောက်လိုက် ၈ ယောက်ကို ပစ်ခတ်ရှင်းလင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်နောက်ပါ ပျူစောထီး ၈ ယောက်ကို ချေမှုန်းရှင်းလင်းခဲ့တယ်လို့  ထနောင်းမြေစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။