မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာနဲ့ မဒဲရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်တော် တပ်ခွဲထံက သိရပါတယ်။

တိုက်ပွဲ ၂ နာရီကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေကာ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဘက်က ၆၀ မမ ဗုံးသီး ၂ လုံးနဲ့ မဒဲရွာထဲကို ရည်ရွယ်ရှိရှိ ပစ်ခတ်မှုကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ခဲ့ပြီး အရပ်သား ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ စစ်ကူအများအပြားပို့လွှတ်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ခံစစ်အနေအထားနဲ့ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်း၊ ပေါက်-မြိုင် စုဖွဲ့မှု (ပကဖ)၊ Young Force (PKU)၊ Earthquake Defence Force (PKU)၊ Joker(ပြောက်ကျားတပ်ဖွဲ့)၊ GZ-A/BNRA (အညာညီနောင် ပူးပေါင်းစစ်ကြောင်း)နဲ့ မြိုင် (ပကဖ)ဒရုန်း အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

AA သိမ်းယူဖို့ နေရာအနည်းငယ်သာ ကျန်တော့တဲ့ အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ တောင်ကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးနောက် အမ်းမြို့နဲ့ ဂွမြို့က စခန်းတွေကို တရပ်စပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ရဲဘော်တွေအတွက် အမှတ် (၁) တပ်ရင်း ဘဏ္ဍာရေးရှာဖွေရေးကော်မတီ ''ဝိုင်းတွန်းဇို့''က ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်အုပ်စု၏ အဓမ္မပေါ်တာဆွဲခံထားရသည့် တပ်သား ၁ ဦး အလင်းဝင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းက တပ်သား ၁ ယောက် လက်ပံတန်းမြို့နယ်ပကဖအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို မတ်လ ၂၄ ရက် နံနက်ပိုင်းက ရမ်းဖိုကျေးရွာ ဆီအုန်းကုန်းအရောက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း စစ်သား ၂၂ ဦး ဖမ်းဆီးမိပြီး ၇ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိပြီး ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ် လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 က သတင်းထုတ်ပြန်ထားပါတယ်။