တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၄၀၅) တပ်စခန်းနဲ့ ဗဟိုကင်းတို့ကို ဇန်နဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ တစ်ကြိမ်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာလည်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရေခဲစက်နဲ့ ကျောက်နီမော်ဘုရားကုန်းတို့ကို တစ်ကြိမ်စီ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဆိုပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များ

ဖေဖော်ဝါရီလ ၁ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ထားဝယ်မြို့နယ်အတွင်းရှိ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ လောင်းလုံးမြို့နယ်အတွင်းရှိ လောင်းလုံးထွေအုပ်ရုံးနဲ့ လောင်းလုံးရဲစခန်းတို့ကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းစစ်ဆင်ရေးတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အသေးစိတ်သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဆိုပါတယ်။

အဲ့ဒီဒရုန်းစစ်ဆင်ရေး တိုက်ခိုက်မှုတွေကို ထားဝယ်ပြည့်သူ့လွတ်မြောက်ရေးတပ်-TPLF ဦးဆောင်မှုနဲ့အတူ ကျောင်းသားတော်လှန်ရေးတပ်၊ KBDF Drone Force၊ FPF ၊ ဒေါနတပ်ခွဲ(၆)-ဝေဟင်တပ်ဖွဲ့၊ လောင်းလုံ(ပ.က.ဖ) နဲ့ ရေဖြူ (ပ.က.ဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူရင်း တိုက်ခိုက်ခံရသည့် စစ်အုပ်စု ရွာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်းထဲက မြို့နယ်တွေရဲ့ နေရာတချို့မှာ အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေကို ကင်းချပြီး သန်းခေါင်စာရင်း ကောက်ခံနေ

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က သူတို့ထောက်တိုင်တွေဖြစ်ကြတဲ့ အမျိုးသားအစွန်းရောက်အဖွဲ့တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တချို့နဲ့ စရဖ လို့ခေါ်တဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်တွေကို လမ်းဆုံလမ်းဂွတွေနဲ့ လမ်းမကြီးတွေမှာ ကင်းချထားပြီး အိမ်ထောင်စု သန်းခေါင်စာရင်း ကောက်ခံမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတချို့ဆီက သိရပါတယ်။
Read More

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်အထိ သေဆုံးခဲ့

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား အင်အား ၁၂၀၀ ကျော် သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော် သေဆုံးတယ်လို့AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ အရာရှိ၂ယောက်အပါ ၆ ယောက် သေပြီး စစ်ကောင်စီက သတင်းဖုံးဖို့ ကြိုးစားနေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲပြီး နည်းပညာရှင်အရာရှိ၂ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေတယ်လို့ Civilian Military SRDF စစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီထိပ်သီးခေါင်းဆောင် လာဖို့ရှိသည့် စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။