စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။  

နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ် တပ်ဆင်အသုံးပြုမှုကို နမူနာယူပြီး လုပ်ငန်းရှင်တွေလည်း  ဆိုလာတပ်ဆင်သင့်ကြောင်း စိုးဝင်းက ဆိုပါတယ်။

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက  မနေ့က ဖေဖော်ဝါရီ  ၅ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ လျှပ်စစ်မီးကို လုံလောက်စွာ မဖြန့်ဝေပေးနိုင်ခြင်းကို ဝန်မခံဘဲ လျှပ်စစ်မီးရရှိရေး နည်းလမ်းအမျိုးမျိုးကို အသုံးပြုဖို့သာ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအတွက် အဓိက  လျှပ်စစ်မီးရရှိရေး တင်ပြချက်အပေါ် တစ်နိုင်ငံလုံးအနေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၆၃၀၀ ကျော် ရှိပေမယ့်  အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လျှပ်စစ် ထုတ်လုပ်နိုင်မှု ရပ်ဆိုင်းနေရတဲ့ စက်ရုံတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်က အကြောင်းပြ ပြောဆိုပါတယ်။

ဒါ့ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့  လျှပ်စစ်မီး ရရှိရေး ဆိုလာစနစ် တပ်ဆင်ကြဖို့ အရေးကြီးတယ်လို့ စိုးဝင်းက ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေနဲ့ စစ်အရာရှိတချို့ဟာ နိုင်ငံအတွင်း ဆိုးဆိုးရွားရွား လျှပ်စစ်မီး ပြတ်တောက်နေမှုကို အခွင့်ကောင်းယူကာ ပြည်ပကနေ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေကို တရားဝင် တင်သွင်းမှုတွေ အမြောက်အမြား ပြုလုပ်လျက်ရှိပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနကတော့ နောက်ပိုင်းတည်ဆောက်မယ့် အဆောက်အအုံတွေမှာ ဆိုလာစနစ် မဖြစ်မနေတပ်ဆင်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ကို အချိုးကျ ပြန်လည်ပေးပို့ရမယ်လို့ ကနဦး ညွှန်ကြားချက်တချို့ ထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင် လတ်တလော လျှပ်စစ်ပေးဝေနိုင်ရေးထက်  ဧရာ၀တီနဲ့ ချင်းတွင်းမြစ်တွေမှာ နှစ်ရှည် ရေကာတာ စီမံကိန်းတချို့ကို လုပ်ဆောင်မယ်လို့လည်း စစ်ကောင်စီဘက်က ရည်ရွယ်ကြောင်း ပြောထားပါတယ်။

လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေကို အသုံးပြုရမယ်လို့ မကြာခဏ ပြောလေ့ရှိတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လတ်တလော နိုင်ငံကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်ခဲ့ရခြင်းဟာ တချိန်က  စီမံကိန်းတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့စဉ် ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုကြောင့်လို့ ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

“Happy Birthday Suu” ဟူသည့် ဆုတောင်းဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည့် MDY-PDF ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ စစ်ရေးဌာနကြီးလက်အောက်ရှိ တပ်ရင်း/ဌာနတွေက ရဲဘော်ရဲမေတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဇီးကုန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရဲ့ အရှေ့ဘက် တမံကြီးရွာ၊ ဒေါကျော်ရွာနဲ့ ရေတာရှည်ရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု တပ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း၏ အပတ်စဥ် (၉) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်း-ကရင်နီ တိုင်းစစ်ဒေသ လက်အောက်ခံ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း)ရဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ Pa-O National Defense Force (PNDF) က ထုတ်ပြန်ထားပါတယ်။